အပိုင်း၂၂

193 12 0
                                    

"အဖေ့...မောင်လေးကို ဘာလို့အပြင်ပေးမထွက်တာလဲ"

ထွေးညို၏အမေးအား သူကြီးသည် ဒေါသသံစွက်ဖက်သော လေသံဖြင့်

"ညည်းမောင်ကိစ္စကို ညည်းလည်း သိထားတယ်မဟုတ်လား!"

"သိတယ်လေ...သူဘယ်သူ့ကိုပဲ ကြိုက်ကြိုက် သမီးကတော့ သမီးမောင်ပျော်နေတာပဲမြင်ချင်တယ်"

"ညည်းမောင်ရဲ့ အပျော်က ပုံမှန်ဟုတ်လို့လား!ငါ့ကိုလာမပြောနဲ့ထွေးညို!ငါ့သားကို ဘယ်တော့မှ ဒီလိုအဖြစ်မခံနိုင်ဘူး!"

"အဖေ...အဖေ့မှာရှိတာဆိုလို့ ဒီသားလေးတစ်ယောက်ပဲရှိတော့တာနော်...အဖေဒီလိုမျိုးတွေ ထပ်ပြီး တင်းကြပ်နေဦးမယ်ဆိုရင် သန့်စင်တစ်ခုခုလုပ်သွားမှ အဖေနောင်တမရနဲ့"

"ထွေးညို!နင်က ဒီအိမ်မှာ မနေတော့တာနဲ့ ငါ့ကို အာခံနေတာလား!"

ဖခင်ဖြစ်သူ၏ ဒေါသသံများအား လျစ်လျူရှု၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။

"ခွေမနေနဲ့..တစ်ခုခုကြံဦးလေဟာ"

မောင်ဖြစ်သူ၏ အခန်းအတွင်းသို့ ဝင်ရင်း စကားဆိုလိုက်သည်။

"ဂုဏ်..ဂုဏ်ငါ့ကိုမေးသေးလား"

"အခုမှစိတ်ပူတာလား...နင်ဒီလိုခွေနေတာ ဘယ်နှရက်ရှိနေပြီလဲ"

"ငါလဲမတတ်နိုင်ဘူးလေဟာ..အဖေက ငသက်တို့ကိုလည်း ခြံထဲအဝင်မခံဘူး"

"ဆရာလေးက ပြောလိုက်တယ်...ညကျရင် လာခိုးမယ်တဲ့"

ဟယ်!

"ဟဲ့..တိုးတိုး"

ထွေးညို၏ စကားကြောင့် သန့်စင်၏ အာမေဋိတ်သံသည် အနည်းငယ်ကျယ်လောင်သွားသည်။

"ငါ..ငါကြောက်တယ်ဟ"

"နင်ဆရာလေးကိုမချစ်ဘူးလား"

"ချစ်တာပေါ့ဟ"

"ချစ်ရင် ဘာကြောက်နေစရာလိုလို့လဲ"

သန့်စင်သည် အမဖြစ်သူအား မျက်စောင်းထိုး၍

"သိပါတယ်..အရမ်းကြောက်တတ်တဲ့ငါ့အမက ငသက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတာလေ"

သန့်စင်ထိုသို့ဆိုလိုက်တော့ ထွေးညိုသည် ဟီးခနဲရယ်ပြသည်။

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now