အပိုင်း၁

2.5K 41 0
                                    

"ညနေ နေရီနေရီ ရေခပ်ချိန်လေးနီးလာပြီ ညနေ နေရီနေရီ ရေခပ်ချိန်လေးနီးလာပြီ"

ခေါင်းပင်မထူနိုင်လောက်အောင် ထန်းရေတန်ခိုးဖြင့်မူးထူးနေကာ ထန်းတောတွင်ထိုသူက အသံသည်သာ။

အချိန်အားဖြင့် နွားရိုင်းသွင်းချိန်ဖြစ်ကာ ရွာအဝင်ရှိ ရေတွင်းမှ ရေခပ်ကာပြန်လာသည့် လုံမပျိုများသည် ရေအိုးလေးများအား ခေါင်းတွင်ပင့်ကာ လှသွေးကြွယ်နေတော့သည်။

"ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်..ဟားဟား  လှချက်ကွာ"

ရေခပ်ဆင်းလာသောလုံမပျိုများအား ကြည့်ကာ ပါးစပ်အရသာခံ၍ ပြောနေကြသော ထိုသူများ။

လုံမပျိုများသည် မျက်စောင်းများထိုးကာ တောက်ခေါက်သည့်လူက တောက်ခေါက်နှင့် ခပ်မြန်မြန်ခြေလှမ်းများဖြင့် လှမ်းထွက်သွားကြသည်။

"ဟားဟား ရှက်သွားကြပြီ"

"သူကြီးဗျို့..သူကြီးလာပြီ..ပြေးကြဟေ့"

တစ်စုံတစ်ယောက်၏ ခပ်ကျယ်ကျယ်အသိပေးသံနှင့်အတူ ထန်းတောအတွင်း၌ ဝရုန်းသုန်းကားဖြင့် ခဏလောက် ရှုတ်ရှက်ခတ်သွားသည်။

"ဟေ့ကောင်သန့်စင်"

"ခင်....ခင်...ဗျာ"

"ထန်းတောကို မင်းအမေလင်အိမ်မှတ်နေလား!တစ်နေကုန်တစ်နေခမ်းပြန်မလာရအောင်"

"ကျုပ်အမေလင်က သူကြီးပဲကို..ဘာလဲထန်းတောဖွင့်ပေးတော့မလို့လား.."

လက်ထဲမှ ကြိမ်လုံးအား မွေ့ယမ်းကာ အကုန်လုံးသိမ်းကြုံးရိုက်တော့သည်။အော်ဟစ်ကာ ထွက်ပြေးကြသည့်လူများနှင့် ရွာဝင်လမ်းလေးသည် တစ်ခဏရှုတ်ရှက်ခတ်သွားသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

ကွပ်ပျစ်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ပုဆိုးအား လက်တွင်စုကိုင်ထားလျက် ခေါင်းအား ငုံ့ထားသည်။ဖခင်၏ဆူပူသံများအား မခံနိုင်သည့်တိုင် မိခင်အား ကပ်ချွဲကာ အပြစ်မှလွတ်ရန် ကြိုးစားနေသည့် ယုန်သူငယ်လေးသဖွယ်။

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now