အပိုင်း၂၀

230 11 0
                                    

"ကိုယ်ကျိုးတော့နည်းပါပြီတော်"

အိမ်ရှေ့ရှိ ကွပ်ပျစ်၌ ထိုင်ကာ ငိုသံတစ်ဝက်ဖြင့် ရေရွတ်နေသော အမေဖြစ်သူအား ကြည့်ကာ သန့်စင်စိတ်ရှုပ်မိသည်။

"တော်ပါတော့အမေရာ..ကျုပ်လိုက်ရှာပေးမယ်ဟုတ်ပြီလား"

"ဟဲ့..နင်က ဘယ်နေရာကို လိုက်ရှာမှာလဲ..ကိုယ့်အမဘယ်သူနဲ့ကြိုက်နေလဲတောင် နင်သိလို့လား"

'ကျုပ်သိတယ်'ဟု ပြောလိုက်လျှင်လည်း အိမ်ပေါ်က ကန်ချခံရဦးမည်။

"ကျုပ်ရှာပေးပါမယ်ဆိုဗျာ"

မိသားစုအား တစ်ခါမျှ စိတ်ဒုက္ခမပေးဖူးပါသော ထွေးညိုသည် ထိုတစ်ခါတွင်တော့ ခိုးရာလိုက်သွားကာ မိသားစုအား ပိုမိုကြီးမားသော စိတ်ဒုက္ခအား ပေးအပ်လိုက်လေသည်။

သန့်စင်သည်လည်း အိမ်မှာ ဆူပူနေသောကြောင့် စိတ်ရှုပ်လာသည်မလို့ ကိုထက်မင်းအိမ်စီသို့ လှမ်းထွက်ခဲ့သည်။

"ဂုဏ်"

သစ်ပင်ရိပ်အောက်၌ ထိုင်နေသော ဂုဏ့်အား အခေါ်ပြုမိတော့ ဂုဏ်သည် မော့ကြည့်လာကာ ပြုံး​ပြသည်။

"ရုပ်က ဘာဖြစ်လာတာလဲ"

ဆူပုတ်နေသော သန့်စင်အား အမေးပြုမိတော့

"ထွေးညို ငသက်နဲ့ခိုးပြေးသွားလို့ကွာ..အိမ်မှာ ဆူညံနေတာပဲ"

ဂုဏ်သည် အံ့သြဟန်ဖြင့်

"ငသက်နဲ့ကြိုက်နေတာကို မင်းမသိဘူးလား"

"သိတယ်လေ..ငါသဘောတူထားတာ"

"မင်းက ငါနဲ့တုန်းကတော့ သဘောမတူဘူး"

ဆူပုတ်​ပုတ်လုပ်နေသော သန့်စင်အား အနည်းငယ်ရန်စမိတော့ သန့်စင်၏ အကြည့်စူးစူးသည် ဂုဏ်ထံသို့ ချက်ချင်းကျရောက်လာသည်။

ဂုဏ်သည် ပြုံးစစမျက်နှာအား အရှိန်သတ်ကာ ရုပ်တည်လိုက်ရသည်။မဟုတ်လျှင် အထိုးခံရနိုင်ခြေရှိသည်။

"မင်းက ထွေးညိုကို မရလိုက်လို့ နှမြောနေတဲ့ပုံပဲ"

"မဟုတ်တာ..ပေါက်ကရအချစ်လေးကလဲ"

ဂုဏ့်ထံမှ ထိုသို့ခေါ်သံကြောင့် သန့်စင်၏ နှုတ်ခမ်းပါးသည် သိသိသာလှုပ်ခတ်သွားကာ နှလုံးခုန်သံသည်လည်း ဆောင့်တက်လာသည်။

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now