ရွာသို့ ပြန်ရောက်ကတည်းကပင် ဂုဏ်နှင့်မတွေ့ရသေး။သူသည်လည်း ရှုပ်ထွေးနေသည့် စိတ်ကြောင့် ဂုဏ့်ကိုလည်း သွားမရှာဖြစ်။
ထိုနေ့...ထိုနေ့က ဂုဏ်၏ လက်အား ထိုအမျိုးသမီးသည် ဆုပ်ကိုင်ထားသည်။အကယ်၍ ဂုဏ်သည် ထိုအမျိုးသမီးအား သဘောမကျတော့ပါက ထိုလက်အား ရုန်းထွက်နိုင်သည်လေ။သို့သော် ဂုဏ်သည်မရုန်းခဲ့။သူအိပ်မက်ထဲတွင်သာ ဆုပ်ကိုင်ခဲ့ရပါသော ထိုလက်အား တခြားအမျိုးသမီးတစ်ယောက်သည် ဆုပ်ကိုင်နေသည်တဲ့....။
.
.
.
"ငသန့်..မြို့မှာ ဘာတွေတွေ့ခဲ့လဲ"
တွေ့မြင်ခဲ့ရသည်အား ဖောက်သည်ချလိုက်၊ထန်းရေလေးအား မော့သောက်လိုက်နှင့် သန့်စင်တစ်ယောက်ဇိမ်ကျနေလေသည်။
"တောသားမြို့ရောက်ပါကွာ"
တစ်ဖက်ဝိုင်းမှ အသံကျယ်ကျယ်ဖြင့် လှောင်ရယ်နေကြသော ဝိုင်းအား အကဲခတ်လိုက်တော့ ဟိုတစ်ခါကကောင် စိန်လှပင်။
သန့်စင်လည်း လျစ်လျူရှုကာ သူဆော့ကစားခဲ့ပုံများအား ဆက်ပြောနေလိုက်သည်။
"မမြင်ဖူးတာတွေ မြင်လာရတော့ သူ့ခမျာ ပျော်နေရှာတာ"
တလိပ်လိပ်တက်လာသော ဒေါသများအား ချုပ်တည်းကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်၍
"နောက်တစ်ခွန်းထပ်ပြောကြည့်..ငါအသေသတ်ပစ်မယ်"
"ဖွီး!စောက်ရူး!"
ငသက်သည် သန့်စင်၏ လက်အား လှမ်းဆွဲကာ ခေါင်းခါပြသည်။
"နောက်တစ်ကြိမ်ထပ်ငြှိရင် ရွာအတွက်မကောင်းဘူး"
"ကိုယ့်ဘာသာသောက်စရာရှိတာသောက်...အာမချောင်နဲ့"
မျက်ပြူးသည်လည်း ကြားထဲမှ ဝင်ဟန့်သည်။ပုံမှန်ဆို သန့်စင်ပြေးထိုးပြီးပြီဖြစ်သည်။သို့သော် ငသက်ပြောသလိုပင်။ပထမတစ်ခါထဲက ရွာနှစ်ရွာသည် သိပ်မပြေလည်ချင်။ထို့ကြောင့် ဒီတစ်ခေါက်ထပ်ဖြစ်လျှင် နှစ်ဖက်ရွာသည် ရန်သူတွေ ဖြစ်ကုန်လိမ့်မည်။
သန့်စင်သည်လည်း ထန်းရေအား မော့သောက်ကာ ဒေါသအား ချုပ်တည်းလိုက်သည်။
![](https://img.wattpad.com/cover/364678319-288-k77485.jpg)
YOU ARE READING
ပိုင်ဆိုင်ချင်ပါသည် သို့သော်....
Casualeတလွဲမာနတွေကြားမှာ ငါ့အချစ်တွေဟာ မြေစာပင်ဖြစ်ခဲ့ရတယ်ဂုဏ်! ငါ့ဘက်က တစ်ထစ်လျော့ပေးရင်တောင် မင်းရဲ့တလွဲမာနေတွေကို အရေးပေးပြီး ငါ့ကိုနှိပ်စက်ဦးမှာပဲမလား..... Author_Hanna Mon_ Fiction type_Village_ start date_8.8.2024(Thursday) Cover photo_ctto_