အပိုင်း၅

243 12 0
                                    

မန​က်စာ မုန့်ဟင်းခါးအား ထည့်ကာ ကိုထက်မင်းနှင့်အတူ စားနေကြသည်။ကိုထက်မင်းသည် စကားဆိုလာသည်။

"ဂုဏ်နဲ့ငသန့်နဲ့ ဘာလို့မတည့်ကြတာလဲ"

ထိုအမေးအား ဂုဏ်ဖြေရန် အဖြေမရှိ။

ဟုတ်ပါရဲ့၊ဘာအကြောင်းမှမရှိပဲ ရန်သူတွေ ဖြစ်နေကြတာ။

ဂုဏ်သည် ခေါင်းခါကာ

"ကျွန်တော်တို့ကြားမှာ ဘာအကြောင်းမှမရှိဘူး"

"ဒါဆို ဘာဖြစ်လို့မတည့်ကြတာလဲ"

"ဘာအ​ကြောင်းမှ မရှိပါဘူးဗျာ...ဒီတိုင်း သူဖြစ်နေလို့ကို ကြည့်မရတာ"

ပြောသူသည် ဒီတိုင်းသာမကာလျှံကာပြောလိုက်ပေမဲ့ အိမ်အောက်၌ ရောက်နေသူသည် အားတင်းထားသမျှ စိတ်ခံစားချက်အားလုံး အလဲလဲ အပြိုပြို။

ထိုခြံဝန်းလေးအတွင်းမှ ပြေးထွက်လာခဲ့သည်။တစ်ညလုံးအားတင်းထားသမျှ၊မနက်ရောက်ရင် ရန်မဖြစ်ပဲ ကြည်ကြည်သာသာဆက်ဆံမယ်ဟု တွေးထားခဲ့သမျှသည် ထိုလူ၏ ခြေဖဝါးအောက်၌ ခစားလျက်။

"ဒါပေမဲ့ ဒီရွာမှာ သိတဲ့သူရှိတော့ ကျွန်တော့်အတွက် အဆင်ပြေတာပေါ့...သူနဲ့မတည့်ပေမဲ့ သူက ကျွန်တော်ပေါ် ကောင်းရှာပါတယ်..ကျွန်တော်လည်း သူ့ကိုခင်ပါတယ်"

ထိုစကားကိုသာ တစ်ဖက်လူကြားသွားခဲ့လျှင်....။

ရွာထိပ်ရှိ ရေတွင်းအား မှီကာ ထိုင်မိသည်။လေအဝှေ့၌ ကြွေကျလာသော မန်ကျည်းရွက်များသည် နှင်းမှုန်များအလား။

'ဒီတိုင်းသူဖြစ်နေလို့ကို ကြည့်မရတာ'။ထိုစကားအား အထပ်ထပ်အခါခါကြားယောင်နေမိသည်။

"ငါလည်း မင်းကို ကြည့်မရဖြစ်ချင်လိုက်တာဂုဏ်ရယ်...."

.

.

.

"ငသန့်...ထန်းတောသွားကြမယ်"

လာခေါ်သည့် ငသက်နှင့်မျက်ပြူးအား မျက်လုံးလှန်ကြည့်ကာ အရှေ့ရှိ ကွပ်ပျစ်လေးပေါ်၌ လှဲချလိုက်သည်။

ငသက်နှင့်မျက်ပြူးသည်လည်း တစ်ယောက်နှင့်တစ်ယောက် မျက်ခုံးပင့်ကာ

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now