အပိုင်း၁၀

229 15 0
                                    

သူရွာ၌ ပေးထားသော ဘောင်းဘီတိုလေးအား ဝတ်ဆင်ကာ အပေါ်မှ T shirtအဝါလေးဖြင့် တွဲဖက်ဝတ်ထားသည်။

ကစားကွင်း၌ မကြီးမငယ်ဖြင့် တစ်ခုပြီးတစ်ခုအား ပြေးလွှားဆော့ကစားနေသူသည် မည်သူမှမဟုတ်။မောင်သန့်စင်ပင်။

"မင်းမမောသေးဘူးလား"

ဆော့ရသည့်သူသည် မမောသလိုပင်။ရပ်ကြည့်နေသည့် ဂုဏ်သည် သူ့အစားမောလာသည်။

"မင်းက အသက်ကြီးပြီဆိုတော့ မောတာပေါ့"

မသိမသာဖြင့် ဂုဏ့်အား နှိပ်ကွပ်ကာ ပင်လယ်ဓားပြစီသို့ပြေးသွားပြန်သည်။

"ဟူး...မနိုင်စိန်ပဲ"

ဖုန်းလာသည်ကြောင့် ဖုန်းအားထုတ်ကာ ကြည့်မိတော့ ပညာရေးရုံးမှ ဂုဏ်၏သူငယ်ချင်းဆက်တာပင်။

"ဗိုလ်ပိုင်..ပြော"

ဂုဏ်၏သူငယ်ချင်းနာမည်အရင်းသည် 'ပိုင်မှုူးကို'ဖြစ်ကာ ဂုဏ်တို့သည် အချင်းချင်းစနောက်ကျီစယ်၍ ဗိုလ်ပိုင်ဟုသာ ခေါ်ကြသည်။

တစ်ဖက်မှစကားကြောင့် အနည်းငယ်စိတ်ပျက်မိသွားသည်။

"ဒါဆို ကြာဦးမှာပေါ့"

"....."

"အေးကွာ...ဘယ်တတ်နိုင်မလဲ..နောက်တစ်ခေါက်ပေါ့"

ဖုန်းချကာ အချိန်အားကြည့်မိတော့ နေ့လည်12နာရီထိုးတော့မည်။

ပင်လယ်ဓားပြစီသို့ အကြည့်ရောက်မိတော့ အော်ဟစ်သောင်းကျန်းနေသော အနှီပေါက်စအားတွေ့ရသည်။

"ကလေးကျနေရောကွာ"

ဖုန်းကင်မရာအား ဖွင့်ကာ zoomဆွဲ၍ ကြက်ဥလုံးလေးအား လှမ်းရိုက်မိသည်။

ပြီးနောက် ထိုပုံတွေအား ပြန်ကြည့်ရင်း တစ်ယောက်တည်းပြုံးနေမိသည်။

"ဟုတ်မှဟုတ်ပါ့မလားလို့...ရှား..တကယ်နင်ပဲ"

ရင်းနှီးနေသောအသံကြောင့် နှလုံးသားသည် ခုန်လှုပ်လာသည်။နှလုံးသားထံမှ သတင်းပို့၍ ဦးနှောက်မှ မဖျောက်ပစ်ခဲ့သော ထိုအသံသည် ကြားလိုက်ရုံနှင့်ပင် ဘယ်သူမှန်းတန်းသိနိုင်သည်။

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now