"ထွေးညို..ထွေးညို"
ခြံအနောက်တွင် ချဥ်ပေါင်ရွက်ခူးနေစဥ် ခပ်ကြိတ်ကြိတ်ခေါ်သံအား ထွေးညိုကြားလိုက်ရသည်။
"သန့်စင်..ဘာလို့ချုံတိုးနေတာတုန်း"
"အမေတို့ရော"
"အရှေ့မှာရှိမှာပေါ့..ဟဲ့ နင့်လက်က ဘာဖြစ်လာတာလဲ"
"ဟိုဆရာနဲ့ရန်ဖြစ်လာတာလေ..ကူညီပါဦးဟာ အဖေတွေ့ရင် ဆူဦးမှာ"
"ငါတော့စိတ်ညစ်ပါတယ်သန့်စင်ရယ်"
ထွေးညိုသည် ညီးညူကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။မကြာလိုက် ဆေးဘူးလေးအားကိုင်ကာ ပြန်ရောက်လာပြီး လက်အားဆေးထည့်ပေးသည်။
"ပြီးပြီ..ခုက ဘယ်သွားမလို့လဲ"
"ငသက်တို့နဲ့ချိန်းဝိုင်းရှိလို့သွားလိုက်ဦးမယ်..သူကြီးကို လိမ်ပေးထားဦး..ညဘက်ပြန်မလာဖြစ်ရင် ငသက်တို့နဲ့အိပ်မှာလို့သာပြောလိုက်ဟာ..ငါသွားပြီ"
"ဟဲ့သန့်စင်...ငသန့်"
ထွေးညိုခေါ်သည်အား ဂရုမစိုက်ပဲ ချုံတွေအားတိုးဝှေ့ကာ ပြန်ထွက်သွားသည်။ထွေးညိုတွင် ထိုမောင်တစ်ယောက်ပဲရှိလို့သာ၊ဒီလိုမောင်၂ယောက်လောက်သာရှိရင် ထွေးညိုဘဝသည် မတွေးရဲစရာ။
.
.
.
"ဆရာလေး..နေရာထိုင်ခင်းအဆင်ပြေရဲ့လားကွဲ့"
"တင်ပါ့ဘုရား...သူကြီးကအကုန်အဆင်ပြေအောင်လုပ်ပေးပါတယ်"
"အေးကွယ် ဆရာလေးလိုစိတ်ကလဲ ရှားမှရှားကွဲ့..တို့ရွာက ခေါင်တော့ တော်ရုံလူတွေက သိပ်မလာချင်ကြဘူး"
"တပည့်တော်လဲ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရုံပါ"
ရွာဦးကျောင်းဆရာတော်နှင့်စကားလက်စုံကျနေသည်။
"ဝင်ခဲ့မယ်နော်ဘုန်းဘုန်း"
"ဟော ထွေးညို...လာလာ"
ပုဝါပါးလေးအား ပုခုံးပေါ်တင်ကာ မြန်မာဝတ်စုံလေးဖြင့် လှမ်းလာသူသည် ရွာအရိုင်းပင်းလေနှယ်။
"အဖေပို့ခိုင်းလိုက်လို့ပါ"
"အေးအေး ညည်းအဖေလဲမလာတာကြာပေါ့"
YOU ARE READING
ပိုင်ဆိုင်ချင်ပါသည် သို့သော်....
De Todoတလွဲမာနတွေကြားမှာ ငါ့အချစ်တွေဟာ မြေစာပင်ဖြစ်ခဲ့ရတယ်ဂုဏ်! ငါ့ဘက်က တစ်ထစ်လျော့ပေးရင်တောင် မင်းရဲ့တလွဲမာနေတွေကို အရေးပေးပြီး ငါ့ကိုနှိပ်စက်ဦးမှာပဲမလား..... Author_Hanna Mon_ Fiction type_Village_ start date_8.8.2024(Thursday) Cover photo_ctto_