အပိုင်း၂၄

221 11 0
                                    

အား!!

"အဖေ့!အဖေပြောတော့ မရိုက်ဘူးဆို!လူကြီးဖြစ်ပြီး အမျိုးမျိုး"

"သန့်စင်!မင်းဆင်းလာခဲ့စမ်း!"

ကွပ်ပျစ်ပေါ်၌ အော်ဟစ်ခုန်ပေါက်ပြေးလွှားနေသော သန့်စင်အား တုတ်အား လက်မှကိုင်၍ ဖခင်ဖြစ်သူသည် အခေါ်ပြုနေသည်။

"မလာဘူး...လာရင် အဖေရိုက်မှာပေါ့"

"လုပ်တုန်းက လုပ်ထားပြီး အခုမှ ဘာ​ကြောက်တာလဲ!မင်းလင်နောက်ကို လိုက်သွားတုန်းက မကြောက်ဘူးလား!"

"ကြောက်စရာလားဗျ...ကြောက်ရင်တောင် ဂုဏ်မျက်နှာလေးကို ကြည့်ပြီး ဖြေလိုက်ရင်ရတာပဲကို"

"ငသန့်!မင်းအခုဒီကိုလာစမ်း!"

"အမေ့!ကယ်ပါဦး"

ကွပ်ပျစ်ပေါ်သို့ ခုန်တက်လာသော ဖခင်ဖြစ်သူကြောင့် အမေထံသို့ ပြေးကာ အကာအကွယ်ယူလိုက်သည်။

"ကဲ..တော်ပါတော့..ဖြစ်ပြီးတာလည်း ဖြစ်ပြီးပြီပဲကို"

အမေ၏ စကားအား သန့်စင်သည် ဦးခေါင်းအား တရစပ်ညိမ့်ကာ ထောက်ခံလိုက်သည်။

"ဖြစ်ပြီးတိုင်းလက်ခံလို့ရမလားကွ!ဒီကိစ္စက ရွာထဲမှာ မျက်နှာငယ်ရမဲ့ကိစ္စ!"

"အဖေ..သားအတွက်စိတ်မပူနဲ့..သားရွေးချယ်ပြီးတဲ့လမ်းကို ဆုံးအောင်လျှောက်မှာ...ဘယ်သူ့မှ ဂရုမစိုက်ဘူး"

"မင်းအတွက်စိတ်ပူနေတာမဟုတ်ဘူး!ငါ့အတွက်စိတ်ပူတာ!"

အဖေ့၏စကားကြောင့် သန့်စင်သည် နှုတ်ခမ်းလေးအား မဲ့လိုက်ရင်း တိုးလျလျဖြင့်

"အလကားရင်ခုန်သွားရသေးတယ်"

"သန့်စင်!မင်းတို့နှစ်ယောက်စလုံးက ယောကျာ်းလေးတွေ!ဒါကြောင့် နှစ်ယောက်စလုံးအတွက် ဘာမှအကျိုးမယုတ်သွားဘူး!ငါကတော့ သဘောမတူဘူးဟေ့ကောင်!"

"အဖေ့!"

"အဖေတွေပထွေးတွေလာလုပ်မနေနဲ့!အသိစိတ်ဝင်စမ်းသန့်စင်"

သန့်စင်သည် အမေ့၏အနောက်မှထွက်ကာ အဖေ့အရှေ့၌ ထိုင်လိုက်၍

"အဖေ..သားကိုရိုက်လိုက်လို့ အဖေစိတ်ပြေသွားပြီး သားတို့ကို သဘောတူပေးမယ်ဆိုရင် သားကို ရိုက်လိုက်..သားဘယ်တော့မှ ဂုဏ့်ကို ခွဲသွားမှာမဟုတ်ဘူး"

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now