𝘧𝘪𝘯𝘢𝘭𝘦 : 𝘣𝘳𝘦𝘢𝘵𝘩𝘪𝘯𝘨 𝘣𝘭𝘶𝘦

2.3K 181 51
                                    

Warning: This chapter is PG-18 . Read at your own risk. I won't accept any rude comments and taking screen shots. Please take the following as a fan fiction.

__________________________

" ဆောင်းဟွန်းနီး....နေမကောင်းဘူးလား? "

ကျောင်းမတက်ဘဲ ပြန်ပြေးလာသည့် နေ့ကတည်းက ဆောင်းဟွန်း အိပ်ခန်းထဲအောင်းရင်း အသည်းကွဲနေခဲ့သည့် နှစ်ရက်မြောက် ။ ပိတ်ရက်ဖြစ်နေ၍ သူ ကျောင်းတစ်ရက်သာ ပျက်ခဲ့တာဖြစ်ပြီး မနက်ဖြန်ပြီးသည်နှင့် ကျောင်းသို့ ပြန်ခြေချရမည်ဖြစ်သည့်တိုင် သူ့စိတ်က အဆင်သင့်မဖြစ်သေး ။

ဆောင်းဟွန်းမေမေက အိပ်ရာပေါ် အသက်မရှိသလို လှဲလျောင်းနေသည့် သူ့ဆံပင်တွေကို ခပ်ဖွဖွသပ်တင်ပေးရင်း မေးမြန်းလာခဲ့သည် ။ အသည်းကွဲနေသည်ဟု ထုတ်ပြောရအောင်လည်း အယ်လ်ဖာမာနကျသည်ဟု ခံစားရ၏ ။

" ကောင်းပါတယ်...ဒီအတိုင်းပဲ...ဘာမှ လုပ်ချင်စိတ်မရှိလို့ "

ဆယ်ကျော်သက် အရွယ်ကလေးတစ်ယောက်ကို အကြောင်းအရင်းမရှိ ရုတ်တရတ်မှိုင်ကျသွားစေနိုင်သည့် အဖြေက တစ်ခုသာရှိလေသည် ။ ဆောင်းဟွန်းမေမေသည်လည်း ငယ်ရာမှ ကြီးလာသည့်အလျောက် မိမိကိုယ်တိုင် ဝမ်းနှင့်လွယ်မွေးထားသည့် သားကလေး ဘာတွေခံစားနေရသလဲဆိုတာ အထိုက်အလျောက် ခန့်မှန်းမိပါ၏ ။

" အောက်ထပ်မှာ ဆောနူရောက်နေတယ်...။ စာကူးဖို့ စာအုပ် လာငှားပေးတာထင်တယ် "

ဆောင်းဟွန်းမေမေ၏ စကားကြောင့် သူစိတ်ပျက်လက်ပျက် လှဲနေရာမှ ငေါက်ခနဲ ထထိုင်လိုက်မိသည် ။

" ဆောနူ ရောက်နေတယ်? "

ကပျာကယာဖြစ်သွားသည့် သူ့ပုံစံကြောင့် ဆောင်းဟွန်းမေမေက ရယ်၏ ။

" အဲ့လောက်တောင်ကြိုက်တာပဲလား ဆောနူကို "

ဤကမ္ဘာပေါ်တွင် ဆောင်းဟွန်း ဆောနူကို သဘောကျနေမှန်း ဆောနူကိုယ်တိုင်ကလွဲ၍ လူတိုင်း ရိပ်မိနိုင်လေသည် ။

" အင်း....အရမ်းပဲ.."

သူ ဝန်ခံလိုက်ရင်း ရင်ဘက်ထဲ တိုးစိမ့်လာသည့် ဝမ်းနည်းမှုကို လျစ်လျူရှုလိုက်မိသည် ။

ဆောနူကို ပိုင်ဆိုင်ခွင့်မရလျှင်တောင် တသက်လုံး တစ်ဖက်သတ်သဘောကျသွားခွင့်တော့ သူ့မှာရှိသေးသည် မဟုတ်ပါလား ။

𝘠𝘰𝘶𝘵𝘩 𝘸𝘪𝘵𝘩 𝘠𝘰𝘶 / 𝘚𝘶𝘯𝘚𝘶𝘯 /Where stories live. Discover now