ချစ်ကြွေးရယ်ကုန်(၁၁)

823 51 2
                                        

  မနက်၅နာရီခွဲကြီးကိုလက်ဆွဲခြင်းယူပြီးဈေးကိုထွက်ချလာခဲ့တဲ့ရေအေးတစ်ယောက်တော့ မနက်စောစောမှာချွေးပြန်နေရပါပြီ။ မနေ့ကရင်းနှီးတဲ့ငါးသည်ကို ပုဇွန်စိတ်ကလေးတေမှာထားတာမို့လို့ သူများမဦးသွားခင်ကိုယ်ဦးရအောင်စောစောထွက်လာခဲ့တာ။ ပုဇွန်ဆိုရင်အကောင်ကြီးတာတေကျ သားအဖတေကတစ်ယောက်မှမကြိုက်ကျဘဲ သေးသေးဖွဲဖွဲတေမှကြိုက်ကြသည်။ ထိုအသေးမျိုးလေးတေဆိုတာလဲ နဲနဲလေးနေမြင့်မှသွားကြည့်လိုက် သူများဦးလို့ကုန်သွားတဲ့အမျိုးမဟုတ်လား။ ခုတလောပုဇွန်အိုးကပ်လေးစားချင်ပါတယ်ဆိုပြီး ချစ်ရသူကြီးကတဖွဖွပြောနေပေမဲ့ ရေအေးဈေးရောက်တိုင်းဝယ်မရခဲ့လို့ချက်မကျွေးဖြစ်။ အလိုမကျရင်အရင်လို ရှစ်ခေါက်ချိုးမျက်နှာကြီးတော့မလုပ်တော့ပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ လူဆိုးကြီးမှာဆန္ဒပြနေဆဲပါဘဲ။ဈေးထဲရောက်လို့ပုဇွန်စိတ်ကလေးတေမြင်ကာမှဘဲ ရေအေးလဲအမောပြေနိုင်တော့တာ။ စားချင်နေလို့သာကျွေးရမှာ သွေးတိုးသွားမှာလဲစိတ်ပူရပါသေး။ သားအဖသုံးယောက်စာအတွက်က၅၀သားလောက်ဝယ်မှ လောက်ငှပါသတဲ့။ ရေအေးနဲ့ အငယ်လေးစားဖို့အတွက်ကတော့ဗမာကြက်အသည်းအမြစ်လေးနှပ်ချက်လုပ်ဖို့ဝယ်ရမည်။ အရည်သောက်ချက်ဖို့ကလဲမပါမဖြစ်။ မနက်စာအိမ်မှာမပြင်ထားရသေးတော့ မောင့်အတွက်မုန့်ဟင်းခါးတစ်ပွဲနဲ့ သားတေအတွက်ကတော့ နို့သာကူကျို၃ပွဲဝယ်လာ ခဲ့လိုက်သည်။အိမ်ပြန်ရောက်တော့၆နာရီခွဲကာနီးပြီမို့ ကျောင်းသွားရမဲ့အကြီးနှစ်ယောက်ကိုဝင်နှိုးရသည်။ ကောက်စိန်ကြီးကတော့ မနေ့ညကnight duty ဝင်ရတာမို့ ၇နာရီမှပြန်ရောက်လောက်သည်။ ချက်ပြုတ်နေတုန်း လုံချည်စကိုလာဆွဲတဲ့အထိအတွေ့ကြောင့်ငုံ့ကာကြည့်မိတော့ သူအကြိုက်ဆုံး ဝက်ဝံရုပ်လေးပိုက်လို့အိပ်ချင်မူးတူးလေးရပ်နေရှာတဲ့အချစ်ညမှာ လက်လေးတစ်ဖက်မြှောက်လို့ရေအေးကိုချီခိုင်းနေတာ။ ချစ်စရာအရုပ်လေးကိုကောက်ကာချီလိုက်ပြီး ပါးအိအိလေးကိုမွှေးကြူလိုက်တော့ နို့နံ့သင်းသင်းလေးရလိုက်သည်။

“နိုးပြီလား ဖေဖေ့ညလေး..”

“ဖေဖေ့ညလေးနိုးနိုး..”

ချစ်ကြွေးရယ်ကုန်Where stories live. Discover now