အဆူခံရဖို့အသင့်ပြင်ထားပေမဲ့ တစ်ဖက်လူက ဘာစကားမှပြောမလာတဲ့အခါ။ ထိုကဲ့သို့သောအနေအထားမျိုးဟာ စိတ်ကိုပိုလို့သာလို့မရိုးမရွဖြစ်စေနိုင်ပါသည်။ တိတ်ဆိတ်နေတဲ့စာဖတ်ခန်းထဲမှာ စိတ်လှုပ်ရှားမှုကိုထိန်းသိမ်းရင်း ဖေကြီးစကားစလာဖို့ကိုစောင့်နေတဲ့မိုးမခမှာ အသက်ပင်ရဲရဲမရှူဝံ့။
"ဒီလိုမိသားစုမျိုးကို မလိုချင်ဘူးဆိုတော့ ..မင်းဘာလုပ်ချင်သလဲမိုးမခ.."
သူ့ကိုယ်သူဒေါသမထွက်မိအောင်အတက်နိုင်ဆုံးထိန်းသိမ်းရင်း ထိုလူဆိုးပေါက်စနကိုမေးလိုက်သည်။ သားတေထဲမှာ မိုးမခဟာသူ့ကိုသိပ်ပြီးတူတာ ။ အနုနည်းလဲသုံးမရ အကြမ်းနည်းလဲသုံးမရတဲ့ ခေါင်းမာတဲ့လူစားမျိုး။
"သား..သားရှက်တယ်ဖေကြီး..လူတေက..သားကိုလှောင်ကြတယ်..."
ငိုသံသဲ့သဲ့နဲ့ပြောလာတဲ့ စကားသံလေးမှာကြောက်ရွံ့မှုတေ မဝံ့မရဲဖြစ်မှုတေကိန်းအောင်းနေကာ ။
"မိဘကသာ သားသမီးကိုယူမယ်မယူဘူးဆုံးဖြတ်ပိုင်ခွင့်ရှိတာ..သားသမီးကဒီလိုမိဘမျိုးမလိုချင်ဘူးဆိုပြီး ငြင်းဆန်ပိုင်ခွင့်မရှိဘူး...ဒါက ငါနဲ့ရေအေးနဲ့ မင်းအပေါ်တင်နေတဲ့အကြွေးဘဲမိုးမခ...ငါတို့လိုလူမျိုးတေရဲ့သားအဖြစ် မင်းကိုလူ့လောကကိုဆွဲခေါ်ပြီး သိမ်ငယ်စေမိတယ်...ငါတို့မှားတယ်..အထူးသဖြင့် ငါမှားတာဘဲမိုးမခ.."
"....."
"ဘယ်သူအပြစ်ပိုကြီးသလဲတွက်ကြမယ်ဆိုရင်...အပြစ်ရှိဆုံးလူသားကဖေကြီးဘဲ...သူမဟုတ်ဘူး..."
"မင်းအပြစ်တင်ချင်မယ်ဆိုရင် အတင်သင့်ဆုံးလူကငါလေ...ဘာလို့သူ့ကိုသွားပြီးစကားလုံးတေနဲ့ထိုးနှက်နေရတာလဲ..ဟမ်...မင်းပြောရမှာငါ့ကို...သူမဟုတ်ဘူး... မင်းဆီကအဲ့လိုအပြောခံရဖို့လဲ သူအမှားလုပ်ခဲ့တာတစ်ခုမှမရှိဘူးမိုးမခ...တကယ်ဆိုရင် ငါတို့သားအဖတေကသာ သူ့အပေါ်မှာအကြွေးတင်နေကြတာ...သူ့ဘဝမှာ ငါနဲ့သာမတွေ့ခဲ့ရရင်...မင်းတို့သာရှိမလာခဲ့ရင်...အခုလိုမျိုးပူလောင်မနေဘူး...သူ့နာမည်အတိုင်း အေးချမ်းနေရမှာ.."
"အပြစ်ရှိတဲ့လူချင်းအတူတူတောင် မင်းကအားနည်းသူကိုမှအနိုင်ကျင့်ရဲတာမိုးမခ...မင်းငါ့ကိုမပြောရဲဘူး...ဘာလို့လဲဆို..မင်းမျက်လုံးထဲမှာ ငါကပိုပြီးစွမ်းအားကြီးနေလို့လေ...ဟုတ်တယ်မို့လား..."
