အာရုံတက်ချိန် ပေါ်ထွက်လာတဲ့နေမင်းနဲ့အတူ ဂရိအင်ပါယာတစ်ခုလုံးဟာ နေနတ်ဘုရား၏အရှိန်အဝါဖြင့် ကောင်းချီခံယူကြသည်။
နေဘုရား၏ကိုးကွယ်ယုံကြည်သူများဟာ စည်တန်းစွာဝတ်ပြုဆုတောင်းကြသည်။ကောင်းချီးခံယူနေကြတဲ့သူတွေကို Apollo ဟာ ဂုဏ်ယူဝင့်ကြွားစွာကြည့်ရှုနေသည်။
Zeus ဟာပြုံးရွှင်နေတဲ့ Apollo မျက်နှာကိုငေးတာအဆိုစကားပြုသည်။
"သိပ်ပျော်ရွှင်နေတာ ငါမြင်နေရတယ် Apollo ။ ကိုးကွယ်သူတွေရဲ့အာရုံစိုက်ခံနေရုံနဲ့ ကျေနပ်နေသလား။"
Zeus ရဲ့ဆိုလိုရင်းကိုနားလည်သည့်တိုင် Apollo တိတ်ဆိတ်စွာငြိမ်သက်နေမိတယ်။
Zeus ဟာ သူ့သမီးတော် Athena နဲ့ Apollo ကို ကျွမ်းဝင်စေချင်နေသူဖြစ်ပြီး Athena ကတော့ သူမရဲ့ဉာတ်ပညာဖြင့်ထောင်လွှားနေတတ်ကာ မည်သည့်နတ်ဘုရားနဲ့မှ မနှီးနှောချင်သူပငါ။
Apollo ဟာ Athena ငယ်စဥ်ကတည်းကအတူရှိခဲ့ကြသူတွေဖြစ်သည့်အပြင် Athena ရဲ့ကြီးပြင်းလာပုံကို အဝေးမှငေးကာ မေတ္တာရျိနေခဲ့သည်။ဒါကိုသိတဲ့ Zeus ဟာ Athena ရဲ့ အာရုံစိုက်မှုကိုရရှိဖို့ Apollo ကို တွန်းအားပေးပါတော့သည်။
"အရှင့်သမီးတော်က သွေးသံတရဲရဲနဲ့ ဓားရမ်းနေရတာကိုပဲ နှစ်ခြိုက်နေတာကိုး။"
Apollo စကားကို Zeus မတုန့်ပြန်ပေမယ့် သဘောမကျသည်မှာအသိအသာပေ။
သို့သော် Zeus မှာလည်း ဒီထက်ပိုပြီးလုပ်ပိုင်ခွင့်မရှိပေ။______________
ကောင်းကင်ဘုံရဲ့ စစ်ရေးလေ့ကျင့်သည့်ကွင်းပြင်ထဲတွင် သွေသံသရဲရဲနဲ့ နတ်စစ်သည်တော်များမှာ ကြောက်ရွံစွာတည်ရှိနေကြသည်။
သူတို့၏ကိုယ်ခ္န္ဓကိုဝပ်တွားကာ ဦးခေါင်းကိုလဲ မြေပြင်နှင့်ထိလုမတတ်ကပ်ထားကြသည်။ပတ်ဝန်းကျင်တွင်လဲ မီးလောင်တိုက်သွင်းထားသကဲ့သို့ အပျက်အစီးပေါင်းများစွာဖွင့် မြင်ရသည်မှာ သိပ်ကိုအကျည်းတန်လှသည်။
သူမဟာ မြင်မြင်သမျှကို ဖျက်ဆီးပစိချင်နေသည်။ ယခုချိန်ထိ နတ်စစ်သည်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်တိုင် Medusa ရဲ့ ဦးခေါင်းဟာ သူမခြေရင်းကိုမရောက်နိုင်သေးပေ။
YOU ARE READING
ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)
Fantasy!!!!ဇာတ်လမ်းပါဇာတ်ဆောင်များနှင့်ဇာတ်အိမ်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ Medusa၏မူရင်းရာဇဝင်အားအနည်းငယ်အခြေခံထားသော်လည်း စိတ်ကူးယဥ်ficတစ်ခုသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။!!!!