Part-2

242 17 0
                                    

ဂရိအင်ပါယာရဲ့ အနောက်ဘက်စူးစူးကိုခရီးနှင်မယ်ဆိုရင် ဆာဟေးချိုင့်ဝှမ်းဒေသရှိပြီး ထိုနေရာကိုကူအာရန်လို့ခေါ်တဲ့ လူမျိုးနွယ်တစ်စုကပိုင်သည်။
ဆားဟေးချိုင့်ဝှမ်းဒေသနှင့်မဝေးသောနေရာတွင် အီရီမီမျက်ခင်းပြင်ဒေသရှိပြီး ကူအာရန်လူမျိုးတို့ရဲ့အထွဋ်အမြတ်ထားရာ နတ်ဘုရားငျောင်းတော်များစွာ ဆောက်လုပ်ထားသောနေရာလည်းဖြစ်သည်။

ကူအာရန်မျိုးနွယ်ဟာ မည်သူ့လက်အောက်မှသစ္စာခံခြင်းမရှိဘဲ မိမိတို့ကိုယ်တိုင်င် သက်ဦးဆံပိုင်များအဖြစ်သတ်မှတ်နေထိုင်ကြသူများဖြစ်ကြသည်။

တစ်နေ့သော် ကူအာရန်မျိုးနွယ်စု၏ အကြီးအကဲဖြစ်သူ Roger ၏ အမျိုးသမီး ဟာ ရင်သွေးငယ်တစ်ပါးရရှိလာခဲ့သည်။ ကူအာရန်တို့ဟာ ထိုကလေးငယ်သည် သူတို့၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည်ဟု တစ်တစ်ချယုံကြည်ခဲ့ကြသည်။

သို့ရာတွင် ကလေးငယ်မွေးဖွားချိန်၌ နက္ခတ်ဆိုးများစွာ ကောင်းကင်တွင်ထင်ပေါ်နေခဲ့သည်။ ပညာရှိကူအာရန်များက ထိုကလေးဟာ မကောင်းတဲ့နိမိတ်နဲ့မွေးဖွားလာခြင်းကြောင့် သတ်ပစ်သင့်ကြောင်း အကြီးအကဲကိုတိုက်တွန်းကြသော်လည်း Roger မှာ သူ့၏ရင်သွေးငယ်အား အသက်ဆက်ရှင်သန်စေခဲ့သည်။

ထိုမကောင်းသည့်နိမိတ်ဖြင့်မွေးဖွားလာသောကလေးကို Rosa ဟု အမည်တွင်စေသည်။ Rosa သည် မွေးကတည်းက အမြင်အာရုံကွယ်ပျောက်နေရသူဖြစ်သော်လည်း အလွန်ချောမောလှပသည့် ကူအာရန်မင်းသမီးတစ်ပါးဖြစ်သည်။ အများနဲ့မတူစွာ ငွေရောင်ဆံနွယ်ရှည်ကြီးများရှိပြီး ဖြူလွှလွှအသားရည်လေးသည် တစ်ရံတစ်ခါတွင် ပန်းနုရောင်သန်းနေတတ်သေးသည်။

သို့သော် ကူအာရန်အမျိုးသားငယ်တို့အဖို့ ထိုအလှကိုအဝေးကသာ ငေးကြည့်ရဲကြသည်။ အကြောင်းမှာ Rosa ဟာ နိမိတ်ဆိုးဖြင့်မွေးဖွားလာသော မိန်းကလေးဖြစ်တာကြောင့်ပင်။

Rosa တွင် သူငယ်ချင်း အပေါင်းအသင်းမရှိသည့်အပြင် သူမအနားရှိသူများကပါ သူမကဖယ်ခွါထားကြသည်။
'မွေးကတည်းက မိခင်ကိုသေစေခဲ့တဲ့ကလေး၊ Rosa ရှိနေရင်တိုင်းပြည်ပျက်ရလိမ့်မယ်' အစရှိတဲ့ အတင်းအဖျင်းများစွာကြားမှာ သူမကြီးပြင်းခဲ့ရသည်။

ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)Where stories live. Discover now