"ငါ့ကို သ္စာဖောက်ရတာ၊ နင့်အပေါ်မှာထားရှိတဲ့ ငါ့ရဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်ရတာ သိပ်ပျော်နေသလား!!"
Athena ရဲ့ ခံစားချက်မဲ့နေသောအကြည့်များကြားတွင် သူမပျောက်ကွယ်သွားချင်တော့သည်။
သူမရဲ့ အရှင်မဟာ သူမကိုအထင်လွဲနေလေပြီ။
"မဟုတ်....ကျွန်မ ရှင်းပြ..."
"Poseidon လာပြောတဲ့အထိ မဖြစ်နိုင်ပါဘူးလို့ ငါအတင်းငြင်းဆန်နေခဲ့တာ။ ငါနင့်ကို ယုံကြည်ခဲ့တာကို နင်ကတော့!"
ထိုလူ့နာမည်ကိုကြားရုံနဲ့တင် သူမအသွေးအသားထဲထိ ရွံရှာလာမိသည်။ အရှင်မကို အဲ့ယုတ်မာတဲ့ကောင် ဘာတွေသွားပြောထားလဲမသိပေ။
~~လွန်ခဲ့သည့်နာရီပိုင်းက~~
"Medusa"
"အရှင်မ?"
နားထဲကြားလိုက်သည့်အရှင်မအသံဟာ အလွန်နာကျင်နေဟန်ရှိသောကြောင့် သူမထိတ်လန့်စွာထရပ်မိလိုက်သည်။
အရှင်မနဲ့အဆက်အသွယ်မရတာအတော်ကြာလေပြီ ယခုဆိုညနေတောင်ရောက်တော့မည်။
"ငါ့...ငါ့ကို ကယ်ပါဦး ငါ ဒဏ်ရာရလာလို့..."
"ရှင်! ကျွန်မအခုလာပြီ။ အရှင်မ အခုဘယ်မှာလဲ။"
"ငါ့နတ်နန်းထဲမှာပဲရှိနေပါတယ်။ ငါ့ဆီလာခဲ့ပါ Medusa"
Medusa လဲ သူမအရှင်မအား စိုးရိမ်စိတ်ဖြင့် ဘာမှမတွေးတော့ဘဲ Athena နတ်နန်းဆီသို့ပြေးထွက်လာသည်။
လှေအား Athena နတ်နန်းရဲ့ လှေကားထိပ်နားထိတိုးကပ်လိုက်ကာ နတ်နန်းထဲသို့ပြေးဝင်သွားသည်။
"အရှင်မ! အရှင်မဘယ်နားမှာလဲ"
Medusa အော်ခေါ်သော်လည်း နတ်နန်းအတွင်းပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။
"ပင်လယ်ထဲများမြောပါသွားတာလား"
Medusa ချက်ချင်း အပြင်သို့ပြေးထွက်ကာ ပင်လယ်ထဲသို့အာရုံစိုက်၍ရှာနေမိသည်။ တစ်ဖြည်းဖြည်းနှင့် Medusa ၏ ခန္ဓာကိုယ်လေးသည် နတ်နန်း၏ အပြင်ဘက်ရှိ ကျောက်များခင်းထားသော လမ်းပေါ်သို့ရောက်ရှိသွားတော့သည်။
YOU ARE READING
ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)
Fantasy!!!!ဇာတ်လမ်းပါဇာတ်ဆောင်များနှင့်ဇာတ်အိမ်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ Medusa၏မူရင်းရာဇဝင်အားအနည်းငယ်အခြေခံထားသော်လည်း စိတ်ကူးယဥ်ficတစ်ခုသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။!!!!