Part-7

120 12 1
                                    

"တို့က အပျိုစစ်စစ်မဟုတ်တော့ဘူး Rosa"

သခင်မဟာ ထိုစကားတစ်ခွန်းကိုသာဆိုခဲ့သည်။ သူမ၏သခင်မဟာ Athena ကို ကိုးကွယ်သူဆိုတဲ့အကြောင်း သူမသိရှိခဲ့ပြီးဖြစ်သည်။ Athena နတ်ဘုရားမသည် သိပ်ကိုမာနကြီးသည့်အပြင် သူမနှင့်အနီးကပ်ရှိပြီး သူမရဲ့အယုံကြည်ရဆုံးကိုးကွယ်သူများဟာ အပျို/လူပျိုစစ်စစ်များသာဖြစ်ကြသည်။

သို့သော် မည်သည့်အကြောင်းကြောင့် သခင်မဟာ ယခုကဲ့သို့ မကောင်းဆိုးဝဲဖြစ်နေလဲ သူမမသိပေ။ ထို့အပြင် သခင်မဟာ သူမ၏အနမ်းများအား သဘောကျကြောင်းသိသာပါလျက် သူမအားပြင်းထန်စွာတုန့်ပြန်ခဲ့ကြောင်းတွေးမိသွားသည်။

သူမအချိန်တော်တော်ကြာတွေးတောပြီးနောက် သခင်မဟာ အဖြစ်အပျက်ဆိုးတစ်ခုကြုံခဲ့ရမည်ဟု ကောက်ချက်ချမိသည်။ ဒါပေမယ့် မသေချာမရေရာမှုများသာ ကြီးစိုးနေသောကြောင့် သခင်းမအားတိုက်ရိုက်မေးရန်ဆုံးဖြတ်လိုက်သည်။

"သခင်မ?"

"တို့ ဒီမယ် Rosa"

Rosa ဟာ သူမအသံလာရာဘက်သို့ လှည့်ကြည့်လာသည်။

"ကျွန်မကို သခင်မရဲ့အတိတ်အကြောင်း ပြောပြပေးနိုင်မလား"

"အဲ့တာက..ဟို..."

"သခင်မပြောပြဖို့ အဆင်သင့်ဖြစ်တဲ့အချိန်ထိ ကျွန်မစောင့်နိုင်တာမလို့ အချိန်ယူလို့ရပါတယ်။"

"ကျေးဇူးပါ Rosa "

Rosa ရဲ့ပုံဟာ စိတ်ပျက်တုန်လှုပ်နေပုံ နည်းနည်းမှမပေါ်သောကြောင့် သူမအခုမှပဲ သက်ပြင်းချနိုင်တော့သည်။ အချိန်ခနလေးအတွင်းမှာ သူမထိုကောင်မလေးအပေါ် တစ်ရစ်ရစ်ဖြင့် ငြိတွယ်မိသွားခဲ့ကြောင်းကိုလည်း သိရှိလိုက်ရသည်။

"ကိစ္စမရှိပါဘူး သခင်မရဲ့။ သခင်မရဲ့အတိတ်မှာ ဘာကိစ္စတွေပဲရှိခဲ့ရှိခဲ့ သခင်မအပေါ်မှာထားရှိတဲ့ ကျွန်မရဲ့ခံစားချက်တွေက မြူတစ်မှုန်စာတောင်လျော့သွားမှာမဟုတ်တာကိုလဲ သိစေချင်တယ်။"

သူမ သခင်မကိုသိပ်ချစ်ပါသည်။ သခင်မ၏ ရုပ်အသွင်ဟာ ဆိုးသလားကောင်းသလား သူမ မသိပါ။ သခင်မဟာ ဖြူသလား မည်းသလားလဲ သူမ မသိပါ။ သို့သော် သူမသခင်မကိုချစ်သည်။

ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)Where stories live. Discover now