Part-12 (Final)

477 18 0
                                    

"ကျွန်..ကျွန်မ မြင်နေရတယ်!"

Rosa ကောင်းကင်ပေါ်တွင်လှပစွာပေါ်ထွက်နေသာ အလင်းတန်းကြီးနှစ်ခုအား အံ့သြထိတ်လန့်စွာကြည့်ရင်း ပြောလိုက်သည်။

မွေးကတည်းကအမှောင်ထုနဲ့သာ အသားကျစွာနေနေရဲ့တဲ့သူမ အခုတော့အရာရာကိုရှင်းလင်းပြတ်သားစွာမြင်နေရသည်။

"ဘယ်လို! သေချာရဲ့လားကလေးရဲ့ အခုဘာတွေမြင်နေရလဲတို့ကိုပြောပြ"

"အဲ့နေရာမှာ သခင်မပြောတဲ့အလင်းတန်းကြီး ပြီး..ပြီတော့ ဟိုနားကဘာလဲ ဘယ်လိုခေါ်ရမလဲမသိဘူး အာ!သိပြီ သစ်ပင်ဆိုတာမလား"

Rosa သူမရှေ့တည့်တည့်က သရက်ပင်ကြီးအားထိတွေ့ကာပြောလိုက်သည်။ သူမ မမြင်ဖူးပေမယ့် အထိအတွေ့တွေကိုတော့ အလွတ်ရနေသည်မဟုတ်လား။

"ပြီးတော့ ဒီနားလောက်မှာ ကျွန်မတို့အတူတူစားသောက်နေကျ စားပွဲလေးရှိတယ်လေ။ နေပါအုံး ဒါများလား"

Rosa သူမမြင်သမျှအရာအားလုံးကိုလိုက်ထိတွေ့နေသည်။

"ဟားးး ဟုတ်တယ် အချစ်။ ဒါစားပွဲလေးပဲ။ ပြီးတော့ စမ်းချောင်းကဒီနဲ့ဆို ခြေလှမ်း ၈၀ ကျော်လောက်လှမ်းရတယ်။ ဟိုးအရှေ့မှာ ရှိနေလောက်တယ်။ ပြီးတော့...."

Rosa သူမ မြင်မြင်သမျှအရာတွေအား အကုန်လိုက်ကြည့်ပြီးပြောရင်း Medusa ဘက်သို့လှည့်လိုက်သည်။

"အချစ်ကိုရောပဲ..."

သူမအား သေချာစိုက်ကြည့်နေတာကြောင့် Medusa ရှက်သွားကာ မျက်နှာများရဲတက်သွားသည်။

"အဟမ်း တို့..တို့ကို အဲ့လောက်ကြည့်စရာမလိုပါဘူး။ တို့လဲ ကိုယ့်ကိုကိုယ်စမြင်တုန်းက တော်တော်ထိတ်လန့်သွားတာလေ ဟားးး"

"အချစ်ဘာတွေပြောနေတာလဲ။ ရှင့်လောက်လှတဲ့မိစ္ဆာကို ကျွန်မဖြင့်ချစ်သူတော်ထားရတာ ကံကောင်းလိုက်တာ။ ဒါမှမဟုတ်မိစ္ဆာတိုင်းကဒီလိုလား? လူသားတွေကရော?"

"ဟမ်!"

Medusa ကြောင်အစွာရပ်နေမိကာ သူမရဲ့လက်များကိုအရင်ငုံ့ကြည့်လိုက်သည်။ အရင်က ကြေးခွံများနှင့်ကြမ်းတမ်းနေသော လက်လေးနှစ်ဖက်ဟာ အခုတော့ ဖြူဖွေးနုဖက်နေလေသည်။

ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)Where stories live. Discover now