Part-5

277 21 0
                                    

"ကျွန်မ လက်မခံနိုင်ဘူးအရှင်!"

Zeus ရဲ့ ညီလာခံထဲတွင် Aphrodite ၏ အသံဟာ ကျယ်လောင်စွာဟိန်းထွက်လာသည်။

"ဘာလို့ လက်မခံနိုင်ရတာလဲဆိုတဲ့ အကြောင်းပြချက်လေးတော့ပေးသင့်တယ်မလား Aphrodite ။"

သိပ်ကိုစိတ်ပျက်ဖို့ကောင်းသည်။ သူမလို သိပ်မာနကြီးသည့်အလှနတ်ဘုရားမကို Zeus ဟာ Poseidon နဲ့ထိမ်းမြားရန် အမိန့်ပေးသည်တဲ့လေ။ Aphrodite ဟာ အမိန့်ပေးခိုင်းစေလို့မရတဲ့ နတ်ဘုရားမမှန်း မသိလေသလား။

"ကျွန်မ Poseidon ကို မနှစ်သက်ဘူး။ ကျွန်မ မနှစ်သက်တဲ့သူနဲ့ မကျွမ်းဝင်နိုင်ဘူးအရှင်။"

"ဒါပေမယ့်..."

"ကိုယ့်ဟာကိုရေထဲမှာအေးဆေးမနေပါဘဲ ကောင်းကင်းဘုံကို တစ်ကူးတကလာရောက်ပြီး Zeus နဲ့တွေ့ဆုံရတာ ဒီလိုအခြေအမြစ်မရှိ တောင်းဆိုဖို့လား Poseidon ။"

Poseidon ဟာ Aphrodite အား ဖြောင်းဖြဖို့ကြိုးစားနေချိန် Athena ဟာ စကားဖြတ်ပြောလိုက်ခြင်းပေ။

"ဉာဏ်ပညာနတ်ဘုရားမ Athena ကြီးက ဘယ်တုန်းကများ သူများကိစ္စတွေ စိတ်ဝင်စားသွားရတာလဲ။"

Poseidon ဟာ Athena အား ပြန်လည်ချေပနေသည်။ သူတို့ရဲ့ အကြည့်များဟာလဲ တစ်ယောက်နဲ့တစ်ယောက် စစ်ခင်းနေသယောင်ရှိနေပြီး ညီလာခံခန်းမထဲသာမဟုတ်ခဲ့ရင် ထိုနေရာဟာ စစ်​မြေပြင်ပေ ဖြစ်နေလောက်သည်။

"အကုန်တော်ကြတော့! နတ်ဘုရားတွေအချင်းချင်း အခြေအတင်ဖြစ်မနေကြနဲ့။"

တင်းမာနေသည့်အခြေအနေဟာ Zeus ရဲ့ အသံကြောင့် ပြန်လည်ပြေလျော့သွားကြသည်။

"Aphrodite ဟာ ငါထိန်းချုပ်လို့မရတဲ့ နတ်ဘုရားမဖြစ်တာကြောင့် သူမကို အတင်းအကျပ်တွန်းအားပေး စေခိုင်းလို့မရနိုင်ဘူး Poseidon ။ အခုက သင်ကိုယ်တိုင် ကြိုးစားရဲ့မယ့်အချိန်ပဲ။ ပြီးတော့ Athena..."

Zeus ဟာ Poseidon ပြောရင်းနဲ့ သူမဘက်အားလှည့်လာပြန်သည်။

"ပြောပါ အရှင်"

"သင်လည်း Apollo နဲ့..."

"စကားဖြတ်ပြောရမှာ အားနာပေမယ့် ကျွန်မကလည်း အရှင်ထိန်းချုပ်လို့မရတဲ့ နတ်ဘုရားမပါပဲ Zeus"

ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)Where stories live. Discover now