Part-8

111 13 0
                                    

"Medusa!!!"

"ဟင်! အရှင်မ"

သူမကြောင်အစွာရပ်နေချိန်၌ပင် Athena ဟာ သူမ၏လက်ဆွဲတော်လှံကြီးအား စွမ်းအားဖြင့်ဆင့်ခေါ်လိုက်ကာ Medusa ထံသို့ တစ်ဟုန်ထိုး​ပြေးလာခဲ့သည်။

"Athena မျက်လုံးစည်းထား!!"

Aphrodite ဟာ သူမဝတ်ရုံမှ အပိုထွက်နေသောကြိုးစားအားဖြတ်ချကာ Athena ဆီပစ်ပေးပြီး သူမကိုယ်တိုင်လဲ စည်းထားလိုက်သည်။ Athena သည် စိတ်စွမ်းအင်နှင့် ပဝါစအားစည်းနှောင်လိုက်ပြီး Medusa ဆီသို့ သူမလှံကြီးအားထိုးစိုက်လိုက်သည်။

ပုံမှန်ဆို Medusa သူမတို့အား မျက်ခြေဖျက်ကာ ထွက်ပြေးမည်ဖြစ်သော်လည်း Rosa အား ထိုနတ်ဘုရားမတို့နဲ့ မထားခဲ့နိုင်ပါ။

မမြင်မစမ်းနဲ့ သူမအားဆက်တိုက်တိုက်ခိုက်နေသော Athena အားရှောင်ဖယ်၍ ရေစပ်နားတွင် ကြောက်လန့်စွာရပ်နေသော Rosa နားသွားရန်ကြိုးပမ်းလိုက်သည်။

ထိုအရာကိုသိနေသည့်အလား Aphrodite ဟာ Rosa ၏ လက်တစ်ဖက်အား ဖမ်းဆွဲလိုက်လေသည်။

"ရှင်ဘယ်သူလဲ! ကျွန်မကိုလွှတ်ပါ သခင်မဒုက္ခရောက်နေပြီ ထင်တယ်!"

အဖြစ်အပျက်များဟာ အရမ်းမြန်ဆန်လွန်းလှသည်ဟုဆိုရမည်။ စောနကမှ သူမနှင့် ကျီစယ်နေသည့် အရှင်မဟာ အခုတော့ မိစ္ဆာတစ်ကောင်ထံမှ သူမတို့အား အသက်စွန့်ကာ ကာကွယ်နေရပြီ။ သူမရဲ့ Athena အားဝင်ကူချင်ပေမယ့် လူသားမိန်းကလေးတစ်ဦးရှိနေတာကြောင့် ထိုမိန်းကလေးကိုကာကွယ်ပေးရအုံးမည်။

"ငါက Aphrodite ပါ။ ပြီးတော့စိတ်မပူနဲ့ မင်းရဲ့သခင်မ Athena အဆင်ပြေမှာပါ"

"ဘာ? ဘာကို ကျွန်မရဲ့ Athena လဲ? ခန! ဟိုနတ်ဘုရားမမလား Athena ဆိုတာ"

"မင်းဘယ်လိုအရိုင်းအစိုင်းလဲ။ နတ်ဘုရားမတစ်ပါးကို အမည်တပ်ခေါ်ရဲလောက်အောင် သတ္တိရှိနေသလား။"

"ရှင်ဘာသာ ဘယ်လိုထင်ထင် ကျွန်မစိတ်မဝင်စားဘူး! ကျွန်မရဲ့ Medusa ကို အန္တရယ်ပြုရင် ရှင်တို့နတ်ဘုရားမနှစ်ယောက်လုံးကို သတ်ပစ်မယ်!!"

Aphrodite ၏ မျက်ဝန်းအစုံ ပြူးကျယ်သွားလေသည်။ သူမထင်တာမမှားရင် ဒီမိန်းကလေးဟာ Athena အား Zeus ချီးမြှင့်ထားသော လက်ဆောင်မိန်းကလေးပင်။

ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)Where stories live. Discover now