Part-4

227 14 0
                                    

မျက်လုံပေါ်သို့ ကျရောက်နေသော အလင်းရောင်​ကြောင့်  မနက်ရောက်ပြီဆိုတာသိသော်လည်း Medusa သည် မျက်လုံးများကိုအတင်းမှိတ်ကာ ထဖို့ရာငြင်းဆန်နေဆဲပေ။ မနေ့ကတည်းက Rosa ဟာ သူမကို စကားမပြောတော့ပဲ သူမရဲ့အိပ်ငယ်အတွင်းတွင်နေနေခဲ့သည်။

ဒါလည်းဖြစ်သင့်ပါတယ်။ သူမလို​မိစ္ဆာတစ်ကောင်အနားမှာ ထိုမိန်းမပျိုလေး ဘယ်လောက်ကြာအောင်နေနိုင်မှာမလို့လဲ။ ခနနေလျှင် သူမအားအိမ်ပြန်ဖို့ပေးဖို့ရာ Medusa အားတောင်းဆိုလာလိမ့်မည်။

လေတိုက်တာကြောင့် သစ်ရွက်များလှုပ်ရှားသွားသည့်အသံအပြင် ကျီးငှက်အော်သံများကိုလဲ သူမကြားနေရသည်။ မိနစ်ပိုင်းမျှအကြာ သူမမျက်နှာပေါ်အရိပ်တစ်ခုကျလာ​တာကြောင့် မှိတ်ထားသည့်မျက်ဝန်းတို့အား ဖွင့်ကြည့်လိုက်မိသည်။

"သခင်မ ဒီနားမှာလား"

Rosa ဟာ မဝံ့မရဲဖြင့်ဆိုလေသည်။

"ငါဒီမှာရှိတာမင်းဘယ်လိုသိလဲ"

"ဘယ်လိုသိလဲဆိုတော့ သခင်မရဲ့ဦးခေါင်းက မြွေတွေရဲ့အသံကြောင့်လေ။ အဲ့တာထားပါ အခုကျွန်မဆာလောင်နေပြီ သခင်မကျွန်မကို အငတ်တော့မထားဘူးမလား"

Medusa အလန့်တကြားထထိုင်လိုက်မိသည်။ အချိန်ကိုခန့်မှန်းကြည့်လျင် နံနက်စာစားချိန်ကျော်လွန်တော့မည်။

"ဟိုဘက်မှာ သစ်သီးပင်တွေရှိတယ် အဲ့တာစားထားလိုက်။"

Medusa ထိုင်ရာမှအတင်းထကာ သစ်သီးပင်တွေရှိရာဘက်သ်ု့ အလောတကြီးထွက်သွားသည်။ သူမထင်တာမမှားလျှင် မနေ့က ထိုမိန်းကလေးသည် သူမကိုကြောက်ရွံ့၍ တစ်ချိန်လုံးအိမ်ထဲပုန်းအောင်းနေခဲ့ပုံပေါ်သည်။ အခုမှဘယ်လိုလုပ်...

"မနေ့က ကျွန်မကြောက်နေခဲ့တာ သခင်မကို"

သစ်သီးခူးလက်စသူမလက်တစ်စုံဟာ လေထဲတွင်ရပ်တန့်သွားသည်။ သူမအနောက်ကနေ ထိုမိန်းကလေးလိုက်လာသည်။ ကြည့်ရတာ ထိုမိန်းကလေးရဲ့ အကြားအာရုံဟာ သူမထက်ပိုသာလိမ့်မည်။

"သခင်မကိုဆိုတာထက် သခင်မရဲ့မြွေကြီးတွေကိုကြောက်တာပါ။"

Medusa ဘာမှ ပြန်မတုန့်ပြန်ပဲ ခပ်တည်တည်ဖြင့်သာလှည့်ကြည့်လိုက်သည်။ သူမမှာ ပြန်လည်တုန့်ပြန်ဖို့ စကားလုံးတွေမရှိသေးတာလဲဖြစ်နိုင်သည်။

ကျိန်စာများဖြင့်နှောင်ဖွဲ့ငြိတွယ်ရသောချစ်ခြင်း (Complete)Where stories live. Discover now