ကျောင်းစဖွင့်ပြီ။ ကျောင်းပိတ်ရက်ရှည်ကြီးကလည်း စာလေ့လာချိန်တွေနဲ့သာပြီးဆုံးသွားတယ်။ အမြဲစံပြကျောင်းသားဖြစ်နေဖို့ ပထမတန်းဝင်နေဖို့က ဝမ်ရိပေါ်ရဲ့ ပန်းတိုင်ဖြစ်တယ်။ ဒါပေမယ့် ဒါကသူလိုချင်တဲ့ပန်းတိုင်မဟုတ်ပါဘူး။ သူ့ပါးနဲ့မားလိုချင်တဲ့ပန်းတိုင်ပါ။
"ရိပေါ် ညနေငါ့မွေးနေ့ အိမ်ကိုလိုက်လာလို့ရမလား။"
"အာ..."
သူငယ်ချင်း ယန်ယန်အပြောကိုရိပေါ်စဉ်းစားလိုက်တယ်။ ကျောင်းကအပြန် နာရီဝက်လောက်နားပြီးတာနဲ့ သင်္ချာဂိုက်ဆရာရောက်လာမှာ။
"ငါလိုက်လို့မရတာသိရဲ့သားနဲ့။"
"ငါတို့ အထက်တန်းနောက်ဆုံးနှစ်တွေဖြစ် နေပြီဆိုတော့ မင်းအိမ်က စည်းကမ်းတွေပြောင်းပြီထင်လို့ပါ။"
ရိပေါ်ဘာမှ မပြောပဲ အတန်းထဲကိုသာဝင်လာခဲ့တယ်။ ရိပေါ်ဝင်လာတာနဲ့ ကောင်မလေးတွေက သဲသဲလှုပ် အော်တဲ့သူကအော်နေပေမယ့် ရိပေါ်အာရုံမရဘူး။ သူများအမြင်မှာတော့ မာနကြီးပြီး ဂရုမစိုက်တတ်တဲ့သူလို့ထင်နေကြပေမယ့် အဲ့လိုမဟုတ်ဘူး။ မိဘတွေသဘောကျထိန်းချုပ်ပြီးနေလာပေမယ့် တစ်ချို့အရာတွေမှာဟန်ဆောင်မနေချင်ဘူး။ အတန်းထဲကမိန်းကလေးတွေလည်း ဘယ်လိုပဲလုပ်လုပ်ရိပေါ်ရဲ့အာရုံစူးစိုက်မှုကိုမရဘူး။
ထိုစဉ်မှာပဲ
Bluetooth speaker ကြီးပွင့်လာပြီး black pink သီချင်းမြူးမြူးထွက်လာတယ်။
"Wow..."
ကျောင်းဝတ်စုံနဲ့ ကြောင်ဘီးကုတ်လေးတပ်ကာ လှလှလေးထွက်လာတဲ့ကျောင်းသူလေးကို အကုန်ဝိုင်းအားပေးကြတယ်။ ပြီးတော့ကျောင်းသူလေးက ကြွကြွလေးကတယ်။
"How you like that......"
"ဝေး....ဖြောင်းဖြောင်းဖြောင်း.."
အားလုံးကအားပေးနေပေမယ့် ရိပေါ်တစ်ယောက်က ဘာမှမသိသလိုပဲ နားကြပ်တပ်ကာ အပြင်ကိုငေးနေတယ်။ ကနေတဲ့ မိန်းကလေးကလည်း ရိပေါ်ကိုကြည့်ပြီး မျက်နှာပျက်လာကာ။ သီချင်းကိုပိတ်ပစ်လိုက်တယ်။
"ချောက်..."
"ဟာ....ချင်ချင်း ဘာလို့လဲ။'
ချင်ချင်းက ကျောင်းသားတွေကိုအရေးမလုပ်ပဲ အိပ်နေတဲ့ရိပေါ်နားထဲကနာကြပ်ကိုဆွဲဖြုတ်လိုက်တယ်။ ထိုအခါရိပေါ်ကသူ့ကိုဆက်ကနဲလှည့်ကြည့်လာတယ်။