"ရိပေါ် မင်းကိုကြည့်ရတာ တစ်မျိုးပဲ။ "
"အင်း။ အရမ်းသိသာသွားလား။"
"ဘယ်လိုဖြစ်တာလဲ။"
ယန်ယန်ကရိပေါ်အနားကိုတိုးလာတယ်။
"ကျန့်ကျန့်ကို ဘယ်လိုထင်လဲ။"
"အင်းမင်းပြောလို့ ငါလေ့လာကြည့်ပြီးပြီ။ မင်းပြောတာမှန်တယ်။"
ရိပေါ်ယန်ယန်ကို သိလိုစိတ်များစွာနဲ့ကြည့်လာတယ်။
"တစ်လောက ဓာတ်ခွဲခန်းတစ်ခုအ မြွှေခံရတယ်။ ထူးဆန်းတဲ့ မျိုးစိတ်တွေကို စမ်းသပ်တာတဲ့။"
"အဲ့တာ ဝင်စစ်တော့ဘယ်လိုဖြစ်သွားလဲ။"
"သက်သေမရှိတော့ မမိသွားဘူး။ ကျန့်ကျန့်က အဲ့ကလွတ်လာတာသေချာတယ်။ တစ်လောကဆို ရေမြောင်းထဲက မြွေအမြှီးနဲ့ဖားတစ်ကောင်တွေ့တယ်တဲ့။ "
"ဘာလို့ ငါမသိရတာလဲ။"
"ကောလဟာလအဖြစ်နဲ့ပဲ ပျောက်ကွယ်သွားတာ။ သတင်းကိုဖုံးလိုက်ကြတာ။"
"အင်း.."
ရိပေါ်တစ်ခုခုကိုတွေးနေပြီး ခေါင်းညိမ့်တယ်။
"သူကငါ့ကိုအရမ်းကပ်တယ်။"
"ဘယ်လိုကပ်တာလဲ။"
"ငါပြန်တော့မယ်။"
"ဟင်! ခုမှကျောင်းတတ်တာလေ။"
ရိပေါ်အိမ်ကိုပြန်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့ ဒေါ်လေးရီက
"သားရိပေါ် ဘယ်လိုဖြစ်တာလဲ။ နေမကောင်းဘူးလား။"
"ဟုတ် နဲနဲခေါင်းမကြည်လို့။ ဒါနဲ့ ကျန့်ကျန့် ထမင်းစားလား။"
"အဲ့တာပြောမလို့ သားရေ။ ကျန့်ကျန့် မိုးလင်းကတည်းက တအီအီနဲ့ ထမင်းမစားဘူး။"
"ဆရာဝန်မခေါ်ဘူးလား။"
"ခေါ်တယ်။ နေမကောင်းတာမဟုတ်ဘူးတဲ့။ မိတ်လိုက်တဲ့ရာသီမို့လို့ ခုလိုဖြစ်တာ။ အဲ့တာလည်း ဒေါ်လေးရီလည်း ဘေးအိမ်ကကြောင်မလေး ခနခေါ်ထားပေးလိုက်တယ်။"
"ဘာ...အ အ ခုဘယ်မှာလဲ။"
အပေါ်ထပ်မှာ
ရိပေါ် အိမ်ပေါ်ထက်ကိုပြေးတတ်သွားတယ်။ သူ့အခန်းထဲမှာတော့ နှစ်ကောင်သားမိတ်လိုက်မနေဘူးမလား။ ဘာကိုစိုးရိမ်လို့ စိုးရိမ်မှန်း မသိအိမ်ပေါ်ပြေးတတ်လာခဲ့တယ်။