လုံးဝကို အဖြစ်ပျက်တွေက မြန်ဆန်လွန်းတယ်။ညက သူလူပျိုပျက်သွားခဲ့ပြီ။ ပြီးတော့ စာတွေလည်းကောင်းကောင်းအာရုံစိုက်လို့မရဘူး။ ကျန့်ကျန့် အသံလေးတွေပဲ ကြားယောင်နေတယ်။ သူတော့ရူးပြီထင်ပါတယ်။
"ဝမ်ရိပေါ်!"
ဆရာမအသံကြောင့် ရိပေါ်လန့်ပြီးထကြည့်လာတယ်။
"ဘယ်လိုဖြစ်တာလဲ။"
"......"
ရိပေါ်ဆရာမကို ကြောင်ကြည့်နေစဉ် ဆရာမက ဖြေလွှာစာရွက်နဲ့ အမှတ်ပေးစာရွက် သူ့ဆီပေးလာတယ်။
"အမှတ်တွေအများကြီးထိုးကျသွားတယ်။ ဘယ်လိုဖြစ်တာလဲ။"
ရိပေါ် ပြောစရာစကားမရှိပါ။
"ငါတို့မင်းကို ဘယ်လောက်ထိမျှော်လင့်ထားလဲ။ ငါတို့မင်းမိဘနဲ့တွေ့ပြီးဆွေးနွေးဖို့လိုပြီ။ Mr wang ကဒီအခြေနေကို လုံးဝလိုချင်မှာမဟုတ်ဘူးဆိုတာသေချာတယ်။"
"တောင်းပန်ပါတယ်။"
"တောင်းပန်ရုံနဲ့မပြီးဘူး။ ငါတို့မှာလည်းတာဝန်ရှိတယ်။ မင်းအတန်းတွေပျက်နေတာလည်းအများကြီးပဲ။ အခက်ခဲတစ်ခုခုရှိရင် မိဘတွေနဲ့ ဆရာတွေကို ပွင့်ပွင့်လင်းလင်းပြော။"
"မရှိပါဘူး။"
ဆရာမ သက်ပြင်းချကာ ခေါင်းခါပြီးလှည့်ထွက်သွားတယ်။
________
အမှတ်တွေကျတာ သေချာပေါက်ပြသနာအကြီးကြီးပေါ့။ အဆင့် ၂၀ လောက်ထိထိုးကျသွားတာ။ ပြသနာမဖြစ်ပဲ မနေလောက်ဘူး။
"ခွပ်..."
ရိပေါ်အိမ်ထဲမဝင်ခင် မျက်နှာကို ပိုက်ဆံအိတ်နဲ့ ပစ်ပေါက်တာခံလိုက်ရတယ်။ ပါးပြန်ရောက်နေပြီပဲ။ တစ်ခြားအချိန်တွေသာ မအားတာ။ အမှတ်စာရင်းနဲ့ ပတ်သတ်ရင် ရောက်တဲ့နေရာက ပြန်လာတာ။
"မင်းဘာလုပ်တာလဲ။ ငါမင်းဆီကမျှော်လင့်ထားတာတွေအရမ်းများလို့လား။ တစ်ခုတည်းပဲ။ ပညာရေးတစ်ခုတည်းကိုပဲ ငါမင်းကိုတောင်းဆိုထာတယ်။ အခုမင်းကဘာအချိုးချိုးလိုက်တာလဲ။"
"အဲ့ကောင်လေးနဲ့ ပေါင်းပြီးတော့မှကိုအဲ့လိုဖြစ်သွားတာပဲ။ ကျွန်မသိရသလောက် လမ်းဘေးမှာ စကိတ်ပတ်စီးကြတယ်တဲ့။"