ကျန့်ကျန့်နဲ့ဝမ်မား လသာဆောင်မှာ ထိုင်နေကြတယ်။ ဝမ်မားရှောင်းကျန့်ကို ဘယ်ကစလို့နှစ်သိမ့်ရမလဲဆိုတာ အကဲခတ်နေစဉ်ရှောင်းကျန့်ကစပြောတယ်။
"ကျွန်တော် အကုန်နားလည်တယ်။ ကျွန်တော်တရုတ်စာလုံးတစ်ချို့ကိုသိတယ်။ ရေးပဲမရေးတတ်တာ။ ကျွန်တော် အရင်က သခင်တွေနဲ့ နှစ်နှစ်နေခဲ့တာ။ အရင်ကသခင်က ဆရာဝန် သူကအလုပ်များတယ်။ အမြဲဓာတ်ခွဲခန်းထဲမှာပဲရှိနေတတ်တယ်။ သူ့ရဲ့တားမြစ်နေရာတွေကို ကျွန်တော်ကပဲ အကုန်ဝင်ထွက်နိုင်တယ်။ ကျွန်တော်ဘာမှ မသိဘူးလို့သူထင်နေတယ်။ တစ်နေ့ သူ့မိန်းမ မသိခင် မိန်းကလေးတစ်ယောက်နဲ့ စကားခိုးပြောတယ်။ အဲ့ကစပြီး နေ့တိုင်း နေ့တိုင်း ခိုးပြောတယ်။ နောက်တော့ သူ့အမျိုးသမီး ကျွန်တော့်သခင်မဟောင်းနဲ့ ကွာရှင်းခဲ့တယ်။ သခင်မဟောင်းမရှိတော့ အဲ့အမျိုးသမီးနဲ့သူကမမြင်ချင်မှ အဆုံးချစ်နေကြတာ။ ကျွန်တော့်သခင်မအစားကျွန်တော် ခံပြင်းပြီး ဝမ်းနည်းတယ်။"
ဝမ်မား မျက်ဝန်းထဲစိုးရိမ်မှုအနည်းငယ်ဖြတ်ပြေးသွားတယ်။
"ဟို ...ပါးကလေ။ ရိပေါ်ကိုကောင်းစေချင်လို့ဆူတာပါ။ အဲ့တာကိုစိတ်မဆိုးပါနဲ့။"
"ကျွန်တော့်ကိုကြိုက်သလိုပြော ဘာမှ မဖြစ်ဘူး။ ကျွန်တော်ကတိရစ္ဆာန်ပဲ။"
"အဲ့လိုမပြောပါနဲ့။"
"ဒါပေမယ့် ရိပေါ်ကိုတော့ လျစ်လျူရှုမထားပါနဲ့။ အရင်ကဆို ဒီအိမ်ထဲမှာ သူတစ်ယောက်တည်း။ သူ့မွေးနေ့မှာ သူ့မိဘတွေကိုတမ်းတပြီး တစ်ယောက်တည်းငိုတယ်။ အဲ့အချိန်မှ မဟုတ်ဘူး အဆင်မပြေလာတဲ့အခါတိုင်း ရင်ဖွင့်စရာ သူငယ်ချင်းမရှိတော့ ငိုဖို့ပဲတတ်နိုင်တယ်။ "
ဝမ်မားက ဘာမှ မပြောနိုင်ပဲ နောင်တရစွာငိုနေတယ်။
"ကျွန်တော် သူ့ကိုချစ်ခဲ့တယ်။ ဘယ်လိုအချစ်မျိုးလဲ ကျွန်တော် မသိဘူး။ သခင်မို့လို့ ချစ်တယ်။ ဒါပေမယ့် ဘယ်လိုအချစ်နဲပဲဖြစ်ဖြစ် ကျွန်တော်သူ့ကိုချစ်တယ်ဆိုတာ နောက်ဆုံးသိသွားတယ်။ ကလေးတွေရလာတာကိုပြကြည့်လေ။"
"မင်းက အထီးဖြစ်ပြီး ဘာလို့ ကလေးရတာလဲ ပြောပြပေးနိုင်မလား။"