ရိပေါ် နိုးလာတော့ ချက်ချင်းအသိဝင်လာတာက ညကသူချစ်ရသူနဲ့အတူတူအိပ်တယ်။ သူမိသားစုဆီပြန်ရောက်လာပြီဆိုတာပဲ။ မနက်ခင်းအိပ်ယာထချိန်ကအရမ်းကျေနပ်ပြီး ကြည်နူးစရာကောင်းတယ်။
"ကျန့်..."
သူစိတ်ကူးထဲကအတိုင်း ကျန့်ကျန့်နဲ့အတူအိပ်ယာထချင်ပေမယ့် ကျန့်ကျန့်ကမရှိဘူး။
"စောစောစီးစီး ဘယ်ရောက်နေတာလဲ။"
"ကို...နိုးပြီလား။"
ကျန့်ကျန့်ဝင်လာတော့ ရိပေါ်သူ့လက်ကနေဆွဲချပြီး ဖက်ထားလိုက်တယ်။
"ရေချိုးပြီးပြီလား။ အစောကြီးကိုလေ။"
"အင်း ပေနေလို့ မနေတတ်လို့။"
"sorry ညက ကိုယ်နဲနဲများသွားတယ်။"
ကျန့်ကျန့်မျက်စောင်းလေးထိုးလိုက်ပြီး
"ရေသွားချိုးတော့။ "
"မင်းကအရမ်းမွှေးတာပဲ။"
ကျန့်ကျန့်ပြောစကားကိုနားမထောင်ပဲ ရိပေါ်ကနမ်းရှုံ့နေတော့ ကျန့်ကျန့်က
"ရေသွားချိုးလို့ပြောနေတယ်။"
"ကိုယ့်ကိုမြူစွယ်ဖို့ အစောကြီးထပြီး မွှေးကြိုင်နေအောင်လုပ်ပြီးမှ ရေအတင်းချိုးခိုင်းနေတာလား။"
"မဟုတ်ပါဘူးနော်။"
သူခိုးလူမိသွားတဲ့အတိုင်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ထဖို့ပြင်တော့ ရိပေါ်ကသူ့ပေါင်ပေါ်ဆွဲချလိုက်တယ်။ နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ရက်သားဖြစ်ပြီး ရုန်းနေတဲ့ရှောင်းကျန့်ကို ဖိချုပ်ရင်း
"ဒါမှ မဟုတ်ရေချိုးခန်းထဲမှာ ချစ်ချင်လို့လား။"
"ရေထပ်မချိုးချင်ပါဘူး။"
"ဒါဆိုဒီမှာပဲပေါ့။"
"အာ...အဲ့လိုပြောတာမဟုတ်ဘူး။"
ခံစားချက်တွေကိုလည်း မဖုံးမဖိနိုင်တော့ကြောင်လေးတစ်ကောင်ရှက်နေတယ်။ ရိပေါ်ကတော့ ခပ်ညစ်ည်ပြုံးပြီး ကျန့်ကျန့်ဘောင်းဘီလေးကို ဆွဲချလိုက်တယ်။ လွယ်ကူနေရောပဲ ဘောင်းဘီမျှော့ကြိုးကပျော့ပျော့လေး အတွင်းခံလည်း ဝတ်မထားပဲ ၊ ဒါကလူကိုမြူစွယ်ဖို့စီစဉ်ထားတာပေါ့လေ။