"ကျန့်..."
"ကိုကို...ကို့ကလေးတွေ ဘယ်လောက်ကဲလဲ ကြည့်ပါဦး။"
ရိပေါ် ဘာမှ မပြောပဲ tablet screen ကိုပြုံးပြုံးကြီးကြည့်နေတယ်။ ဘောင်းဘီတိုလေးနဲ့ လေးဖက်သွားကလေး လေးယောက်ကို ထိန်းနေရတာ သူ့ခမျာ စကားကောင်းကောင်းပြောလို့မရဘူး။
"ပေါက်စီလေးတွေကြနေတာပဲ။"
"ကို့ကလေးတွေ အရမ်းဆော့တယ်။"
"မင်းနဲ့တူလို့ဖြစ်မှာပေါ့။ ကြောင်ပေါက်လေးတွေ။"
"ငဲ ငဲ ငဲ ငဲ။"
အကောင်ပေါက်လေးတစ်ကောင်ကထငိုတော့ကျန့်ကျန့် ချော့နေရသေးတယ်။
"အိုး...သားလေးတိတ်..တိတ်.."
သူလည်းအရမ်းငိုတဲ့ကလေးလေးတွေကိုချော့ချင်နေပြီ။ တွေးရင်းနဲ့ပြုံးမိသွားတယ်။
"ကဲပါ ပါပါးတွေစကားပြောကြပါစေဦး။"
ဒေါ်လေးရီနဲ့ ကလေးထိန်းတွေက ကလေးတွေကိုလာခေါ်သွားတော့မှ ကျန့်ကျန့်ဆံပင်လေးသပ်ပြီးကင်မရာရှေ့သေချာထိုင်ရတယ်။ ပုခုံးလောက်ရှိတဲ့ မီးခိုးရောင်ဆံပင်တွေက ကျန့်ကျန့်နဲ့အရမ်းလိုက်ဖက်နေတယ်။
"ဆံပင်အရှည်ထားတာလား။"
"အွန်း.."
ရိပေါ်က စကားဆက်မပြောပဲ မေးထောက်ပြီးသာကြည့်နေတာမို့ ကျန့်ကျန့် အကြည့်လွှဲလိုက်ပြီး အအေးဘူးကို ပိုက်နဲ့စုပ်နေတယ်။
"ဘယ်လိုလေးလဲ။"
"ဟမ်"
"ရှက်နေတာလား။ မင်းယောက်ျားကိုလေ။"
"မဟုတ်ပါဘူး။အာ ခြောက်လာလို့။"
"လှလာတယ်။"
"............."
ကျန့်ကျန့်က ပြုံးစစနဲ့ပဲ အအေးသောက်ပြီး screen ကိုတောင်ရဲရဲမကြည့်ဘူး။
"ကိုယ်အသဲယားလာပြီ။"
"ကိုက အရင်လိုမဟုတ်တော့ဘူး။"
"ဘာကိုလဲ။"
"လူကြီးရုပ်ပေါက်လာပြီ။"
"ဘယ်လောက်ထွားလာတယ်ဆိုတာရော ပြရဦးမလား။"