အချိန်တွေကုန်တာမြန်လွန်းတာလား။ ကျန့်ကျန့်နဲ့အတူနေရချိန်တွေကိုပဲ မဝနိုင်တာလား မသိစာသင်နှစ် လေးလကကုန်တော့မယ်။ ပါးကတော့ ခုထိသူ့ကိုစကားမပြောဘူး။ ကြည့်ရတာသူ့ရည်မှန်းချက်တွေလွှတ်ချလိုက်ပြီထင်ပါရဲ့။
"ကျန့် ဘာလုပ်ဖို့ဆင်းလာတာလဲ။ ကိုယ့်ကိုခေါ်လိုက်ရောပေါ့။"
"ကိုကအားမှ မအားတာ ကျန့်ရေအေးလေးသောက်ချင်လို့။"
"အရမ်းအေးတာမသောက်ရဘူး။ လာကိုယ်ထည့်ပေးမယ်။ "
ရိပေါ် ကျန့်ကျန့်ဗိုက်ကလေးကို ကိုင်ပြီးတွဲလာစဉ် ဧည့်ခန်းမှာထိုင်နေတဲ့ ဝမ်ပါးကနှာခေါင်းတစ်ချက်ရှုံ့တယ်။ ဒါကလည်းဖြစ်နေကြမို့ သူတို့အတွက်လည်းရိုးနေပြီ။ ရိပေါ်ကရေခဲရေနဲ့ရိုးရိုးရေကိုသေချာစပ်ပြီး ကျန့်ကျန့်ကိုသေချာတိုက်တယ်။
"မရယ်မပြုံး မျက်နှာသေနဲ့မို့ မိဘတွေကိုတောင် အသက်ကြီးရင် ပြန်ကြည့်ပါ့မလားစိုးရိမ်နေတာ။ စိုးရိမ်လွန်သွားတယ်ထင်တယ်။"
ဝမ်ပါးအဲ့လိုပြောတော့ ကျန့်ကျန့်အနေရခက်သွားတယ်။ အဲ့အချိန်မှာပဲဝမ်မားက
"ရိပေါ် ကျန့်ကျန့်ဒီမှာလာထိုင်ဦး။"
သူတို့ကိုဝမ်မားကခေါ်တော့ဝမ်ပါးက ထဖို့ပြင်တယ်။
"ရှင်ပါထိုင်ဦး။"
"ငါ့မှာပြောစရာမရှိဘူး။"
"တစ်သတ်လုံးဒီလိုနေသွားလို့မှမရတာ။ ရှင်ကျွန်မတို့ကိုစွန့်လွှတ်ချင်လို့လား။"
ဝမ်မားအပြောကြောင့်ဝမ်ပါး အောင့်သင်သက်နဲ့ပြန်ထိုင်နေတယ်။
"ရိပေါ်ကအခုဆို ကျွန်မတို့ဖြစ်စေချင်တာကို တွန်းအားမပေးပဲ၊ မပြောပဲနဲ့ သူ့အသိစိတ်နဲ့သူလုပ်နေပြီ။ ရလာဒ်တွေကိုပဲကြည့်။ "
"အဲ့တော့ငါက ကျေးဇူးတင်ပေးရမှာလား။ ထူးထူးခြားခြား ကြောင်မျိုးဆက်ကိုရှာပေးထားတဲ့သားဆိုပြီး လူသိရှင်ကြားပွဲထုတ်ရဦးမှာလား။"
ဝမ်မားနဲ့ရိပေါ်က ကျန့်ကျန့်ကိုအားနာပေမယ့် လူတွေလိုအများကြီးမခံစားတတ်တော့ ကျန့်ကျန့်အတွက်ထိရောက်မှုမရှိဘူး။ ဒါပေမယ့် ရိပေါ်ကို ထိရင်တော့ သူကဆောက်တည်ရာမရ ငိုယိုတတ်တာကြောင့်လား နောက်ပိုင်းတော့ ဝမ်ပါးရိပေါ်ကို ကိုယ်ထိလက်ရောက်မကျူးလွန်တော့ဘူး။