Part-4

975 96 7
                                    

မနက်ပိုင်း ကြောင်ကတညှောင်ညှောင်လာလုပ်နေလို့ ရိပေါ်အိပ်မှုံစုံမွှားနဲ့ ကြောင်စာခွက်ကိုယူပြီး အစာထည့်ပေး လိုက်တယ်။ ဒါပေမယ့်ကြောင်ကမစားပဲတညှောင်ညှောင်လုပ်နေတော့ ရိပေါ်လည်းစိတ်မရှည်ပဲ

"မစားချင်မစားနဲ့ အဲ့လောက်ထမင်းလိပ်ကြိုက်နေရင် မင်းကို အားကွေ့အိမ်သွားထားလိုက်မယ်။"

ရိပေါ် အော်ဟောက်ပြီး မျက်နှာသစ်ကာ မနက်စာစားဖို့ဆင်းလာခဲ့တယ်။ သူမနက်စာစားနေတဲ့ အချိန်လည်း ဘေးမှာ တညှောင်ညှောင်လုပ်နေတာမို့ဒေါ်လေးရီက

"သားရိပေါ် သူ့ကိုအစာကျွေးကြည့်ပါလား။"

"ကျွေးပြီးပြီ မစားဘူး။"

"ဟုတ်လား။ ထမင်းလိပ်ပဲအမြဲတောင်းနေတယ်ဆိုရင်တော့ သူဌေးကတော်ပြောသလိုပဲ ရောဂါဖြစ်တော့မှာပဲ။"

ရိပေါ်ဘာမှ မပြောပဲ မနက်စာကိုအာရုံစိုက်နေစဉ် ကျန့်ကျန့်ကသူ့ကိုပြူးပြီးကြည့်နေတယ်။ သေချာလေးကြည့်တော့ သူ့ကိုကြည့်တာမဟုတ်ပဲ သူ့လက်ထဲက ပုဇွန်လုံးကြော်ကိုကြည့်နေတာဖြစ်နေတယ်။

"ဒါစားချင်လို့လား။"

ရိပေါ်ကျွေးလိုက်တော့ သူအရမ်းကြိုက်တဲ့ပုံပဲ အားရပါးရကိုစားတယ်။

"ဒေါ်လေးရီ။ ကြည့်ရတာ ဒီကြောင်က လူစာစားချင်နေတာထင်တယ်။ ထမင်းနဲ့ဟင်းကျွေးကြည့်လိုက်ပါလား။"

"ဟုတ်လား....လာကျန့်ကျန့်လေး။"

ဒေါ်လေးရီက ထမင်းနဲ့ ပုဇွန်လုံးကြော်ကို သေချာလေးနယ်ကျွေးတော့ ကျန့်ကျန့်က တစ်ကယ်ပဲ နှစ်နှစ်ခြိုက်ခြိုက်စားတယ်။

ရိပေါ်လည်း မနက်စာစားပြီးကျောင်းကိုသွားလိုက်တယ်။

_______

ကျောင်းရောက်တော့

"ကြောင်ကနေ လူပြောင်းလို့ရတာလေ။ ခွေးကနေလူပြောင်းတာလဲရှိတယ်။ "

"အဲ့တာတွေကကြာခဲ့ပြီ။ "

"ဟဲ့ ဟိုးတစ်လောက Alpha , Omega လက်ကျန်မျိုးရိုးဗီဇတွေကို တွေ့ပြီးတိတ်တဆိတ် ဓာတ်ခွဲမှုလုပ်နေတဲ့လူကို ရဲကခေါ်စစ်တယ်ကြားတယ်။"

Xiao Mao Mao Where stories live. Discover now