"ရိပေါ်..."
အားကွေ့ကနောက်ကနေပြီး ရိပေါ်ကိုလှမ်းခေါ်တော့ ရိပေါ်လှည့်ကြည့်လိုက်တယ်။
"ဘာဖြစ်နေတာလဲ။ စိတ်ညစ်စရာရှိလို့လား။ မနေ့က ကိစ္စကိုမိဘတွေသိသွားလို့လား။"
"မဟုတ်ဘူး။ မနေ့ညက ငါပန်းအိုးခွဲလိုက်မိတာ။ အဲ့တာ ငါ့အဖေငါ့ကို အရမ်းဆူလို့။"
"ပန်းအိုးလေးကွဲတာကို။"
"ဈေးကြီးတယ်။ လူကြီးတစ်ယောက်ကိုလက်ဆောင်ပေးဖို့ဝယ်ထားတာ။"
"အာ...စိတ်မကောင်းပါဘူး။"
"ဟိတ် မင်းတို့နှစ်ယောက်က မနေ့ကမှ ခင်တယ်။ ငါ့ထက်တောင်ပိုရင်းနှီးနေသလိုပဲ။"
သူတို့ကြားထဲကို ယန်ယန်ကဝင်လာတယ်။
"ဒါဆိုမင်းလည်း စကိတ်စီးတတ်အောင်လုပ်လေ။ မင်းဝါသနာပါတာတွေငါအကုန်လိုက်လုပ်နိုင်ပေမယ့် ငါဝါသနာပါတာကြတော့ မင်းမကြိုးစားဘူးလေ။"
"မကြိုးစာတာမဟုတ်ပါဘူး။ မင်းသိရဲ့သားနဲ့ ငါဘယ်လိုမှ သင်လို့မရဘူး။"
"ကဲ ကဲထားလိုက်ပါတော့ ဘာပြောပြောငါကနောက်မှ ရောက်လာတဲ့သူဆိုတော့ ငါကပဲ အလျှော့ပေးပါတယ်။"
အားကွေ့ဝင်ပြောလိုက်တော့မှ သူတို့နှစ်ယောက် အောင့်သက်သက်နဲ့တိတ်လိုက်တယ်။
"ထမင်းစားချိန်ကြရင်တွေ့မယ်နော်။"
____________
ကျောင်းဝန်းထဲကအပင်ကြီး တစ်ပင်အောင်မှာ ရိပေါ်တို့သုံးယောက်ထိုင်ရင်း သွားရေစာစားနေကြတယ်။
"အာ...ရိပေါ်မနေ့ကလေ ကျန့်ကျန့်က တစ်နေကုန်ထမင်းမစားဘူးဆိုပြီး မားလုပ်ပေးတဲ့ထမင်းလိပ်လေးကိုစာတာ မားကိုပြန်ပြောတော့သဘောတွေကျပြီး ဒီနေ့ကျန့်ကျန့်အတွက်ထည့်ပေးလိုက်တယ်။"
အားကွေ့က ထမင်းဘူးလေးကိုရိပေါ်ရှေ့တိုးပေးလိုက်တယ်။ ရိပေါ်ထမင်းဘူးကိုမယူပဲ သူ့ဘာသာမုန့်စားနေတယ်။
"ကျန့်ကျန့်ကဘယ်သူလဲ။"
ယန်ယန်ကမေးတော့ အားကွေ့ကအံ့ဩပြီး
"မသိဘူးလား။ သူတို့အိမ်ကကြောင်လေ။"
ထိုအခါရိပေါ်က