ရန်ကုန်မြို့ရဲ့ဆောင်းဦးရာသီကအေးမြခြောက်သွေ့လျှက်...လူတို့၏စိတ်ကိုလန်းဆန်းစေလေသည်။ကားများ..ရုံးဝန်ထမ်းများ..ကျောင်းသား၊ကျောင်းသူများဖြင့်မြို့ကြီးတစ်မြို့ကသက်ဝင်လှုပ်ရှားနေသည်
"Ring..Ring"
ဖုန်းမြည်သံကြောင့်'နှောင်းတခေတ်'နိုးလာရသည်
"ဟုတ်ကဲ့...နှောင်းတခေတ်ပြောနေပါတယ်"
"......"
"ဒီကစ္စနဲ့ပတ်သက်ပြီးရုံးကိုပဲတိုက်ရိုက်ဆက်သွယ်လိုက်ပါ"
"......"
"အားနာပေမဲ့ဒီအချိန်ကကျွန်မရဲ့ကိုယ်ပိုင်နားချိန်ဖြစ်တာကြောင့် ကျွန်မရဲ့အတွင်းရေးမှူးကိုပဲဆက်သွယ်ပြီး appointment ယူထားလိုက်ပါ.."
"......"
"ဒီလိုဆိုဖုန်းချလိုက်ပါတော့မယ်"
"တီ!!"
ဖုန်းချလိုက်ပြီးပြန်အိပ်ဖို့ကြိုးစားကြည့်သည်ဘယ်လိုမှအိပ်လို့မရတော့ပေ....ထို့ကြောင့်အိပ်ရာမှထကာ ရေချိုးခန်းထဲဝင်လိုက်တော့သည်...ရေချိုးပြီးအဝတ်စားလဲကာ
မနက်စာစားရန်အောက်ဆင်းလာခဲ့သည်..ထမင်းစားခန်းထဲတွင်မေမေနှင့်ကလေးမလေးနှစ်ယောက်ကိုတွေ့ရသည်"ဟော..သမီးအစောကြီးနိုးနေပါ့လား"
"ဟုတ်မေမေ သမီးရုံးကိုစောစောသွားမလို့"
"အေးပါကွယ် ငါ့သမီးလေးလည်းပင်ပန်းနေလောက်ရောပေါ့"
"သမီးအဆင်ပြေပါတယ်မေမေ..မေမေပဲကျန်းမာရေးဂရုစိုက်ပါ"
"မေမေနေကောင်းပါတယ်သမီးရယ်..သမီးလည်းနားချိန်တွေသေချာနားအုံး"
"ဟုတ်ကဲ့ပါ"
"ကဲ..မနက်စာစားရအောင်ဒီမှာမေမေမုန့်ဟင်းခါးလေးချက်ထားတယ်"
"မေမေကိုယ်တိုင်ချက်တာလား.."
"ဒါပေါ့သမီးရဲ့...."
"မေမေပင်ပန်းနေပါ့မယ်"
"ရပါတယ်သမီးရယ်"
နှောင်းမနက်စာစားပြီးရုံးသွားရန်ပြင်ဆင်ကာကားကိုကိုယ်တိုင်မောင်းပြီးထွက်လာလိုက်သည်....နှောင်းတို့ကအမေတစ်ခုသမီးတစ်ခု...အိမ်ရဲ့စီးပွားရေးကိုနှောင်းအသက်21နှစ်၊ဖေဖေဆုံးထဲကဦးဆောင်လာခဲ့တာအခုနှောင်းအသက်25၊..ဖေဖေ့ရဲ့စီးပွားရေး ကုမ္ပဏီ ကိုနှောင်းကပဲဦးစီးခဲ့ရသည်..သို့သော်ဖေဖေရှိစဥ်ကတည်းက ကုမ္ပဏီ ကယိုင်နဲ့နဲ့မို့နှောင်းလက်ထက်မှာမပျောက်ပျက်အောင်ပင်မနည်းရုံးကန်နေရသည်....မေမေကလည်းကျန်းမာရေးမကောင်း နှလုံးရောဂါ အခံရှိသူမို့အိမ်ရဲ့စီးပွားရေးယိုင်နဲ့နဲ့အခြေနေကိုမေမေ့ကိုပြောပြလို့မဖြစ် နှောင်းဘာသာရအောင်ဖြေရှင်းရပေမည်....
နှောင်း ကုမ္ပဏီ ရောက်တော့နှောင်း၏အတွင်းရေးမှုးမလေး သက်လှယ် ကလာကြိုရှာသည်မျက်နှာကသိပ်မကောင်း နှောင်းရုံးထဲဝင်တော့နောက်ကလိုက်ဝင်ပြီးအခြေနေကိုတင်ပြသည်
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ