"အဆင်ပြေခဲ့လားမြတ်သူ"
"ဟုတ်...ပြေပါတယ်ဆရာ"
"ဘာပြောသေးလဲ "
"ဆရာနဲ့တွေ့ပြီးဆွေးနွေးချင်တယ်လို့ပြောပါတယ်ဆရာ"
ဟွန်း....ဒါဟာကျွန်တော်ရွှေ့ထားတဲ့ပထမဆုံးကစားကွက်ပဲ...ခများကတည့်တည့်ကြီးကိုဝင်လာပါရောလား....ထက်မြတ်တဲ့မိန်းကလေးဆို....အဟက်..ဘယ်နားသွားထက်မြတ်နေတာလဲ....
"အဲ့တော့..."
"ဟို...ဆရာကအလုပ်ကိစ္စနဲ့Japanသွားနေရတယ်လို့ပြောခဲ့ပါတယ်...သူ့လိပ်စာကဒ်ပေးလိုက်ပါတယ်ဆရာ...ဒီမှာပါ"
မြတ်သူကအိတ်ထဲမှအနက်ရောင်လိပ်စာကဒ်လေးတစ်ခုထုတ်ပေးလာသည်။စစ်နေလှမ်းယူပြီးကြည့်လိုက်သည်..နှောင်းတခေတ်...N.K ကုမ္ပဏီ ရဲ့CEO...ph-noနဲ့လိပ်စာအပြည့်အစုံပါသည်....မထီမဲ့မြင်အပြုံးတစ်ခုကစစ်နေနှုတ်ခမ်းတွေအပေါ်နေရာယူလျှက်...
"မင်းသွားလို့ရပြီမြတ်သူ"
မြတ်သူ ဆရာ့ကိုတစ်ချက်အရိုအသေပေေးကာထွက်ခဲ့လိုက်သည်...လိပ်စာကဒ်ကိုကြည့်ပြီးဆရာကဘာကြောင့်ပြုံးနေလဲမသိ....
>>>>>>>>>
နှောင်းမနက်ကတည်းကညနေရောက်ဖို့စိတ်လောနေမိသည်..အကြောင်းကတော့ရှယ်ယာတွေကိုဝယ်သွားတဲ့လူနဲ့တွေ့ပြီးဆွေးနွေးရမှာဖြစ်သောကြောင့်ပင်...အခု ကုမ္ပဏီမှာကဖေဖေ့မိတ်ဆွေအရင်းအချာတွေရဲ့ရှယ်ယာနဲ့နှောင်းပိုင်တဲ့ရှယ်ယာတွေရဲ့ရာခိုင်းနှုန်းက60%လောက်ဖြစ်နေလိို့သာ...မဟုတ်ရင်နှောင်းကပါရာထူးကဖယ်ပေးရမလို......
"မမ ညနေကျရင်သက်လျာလိုက်ပေးရအုံးမလားဟင်"
"နေပါစေသက်လျာ...အဘွားနေမကောင်းဘူးမဟုတ်လား စောစောပြန်လိုက်ပါ အမအဆင်ပြေတယ်"
"ဟုတ်ကဲ့...ကျေးဇူးပါနော်မမ"
နှောင်းကသက်လျာကိုတစ်ချက်ခေါင်းညှိမ့်အသိအမှတ်ပြုလိုက်သည်...သက်လျာထွက်သွားတော့မှ ခုံကိုမှီကာသက်ပြင်းချမိသည်...
ညနေအတွက်ရင်မောရပါပေသည်။ဟိုလူကဘာကြောင့်ရုံးချိန်ပြင်ပကိုချိန်းရပါသနည်း။
နှောင်းအနေနဲ့မသွားချင်ပါ..အပြင်မှာချိန်းတာဖြစ်တဲ့အပြင်ချိန်းတဲ့လူကယောကျ်ားလေးတစ်ယောက်....အကယ်၍မသွားပါရင်လည်းဖေဖေ့ရဲ့အမွေဖြစ်တဲ့ကုမ္ပဏီကိုလက်လွှတ်ရမည့်အဖြစ်....ဟင်း...ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိသောသက်ပြင်းကိုသာအငြှိုးတကြီး
ချမိလေပြန်သည်....နာရီကြည့်မိတော့ညနေ4နာရီ..ရုံးဆင်ချိန်ဖြစ်သည်။နှောင်းထိုင်ရာမှထကာချွတ်ထားသောအပေါ်ထပ်ပါးပါးလေးကိုပြန်ဝတ်၍..ကားပါကင်သို့ထွက်လာလိုက်သည်။
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ