🍀part-6🌹

269 17 0
                                    

"ခများကိုအထင်သေးတဲ့ပုံပေါက်နေလို့လား"

"ဟမ်"

နှောင်ကဆိုင်အပြင်ဘက်ဆီသို့အကြည့်ပို့ထားရာမှသူ့ကိုဆက်ခနဲ့လှည့်ကြည့်သည်။

"ဟုတ််တယ် ခများကိုနည်းနည်းလေးမှအထင်သေးမှာမဟုတ်လို့ အတွေးလွန်မနေနဲ့"

"ဘယ်မှာအတွေးလွန်နေလို့လဲ"

"ခများကိိုယ်ကိုယ်သိမှာပေါ့"

"ရှင်က Unit Group ရဲ့CEO ဆိုတာကိုမယုံနိုင်ဘူး"

"ဘာလို့လဲ...လူကိုအထင်သေးတာလား"

"စကားကိိုအမြဲကပ်ပြိုင်ပြီးပြောနေလို့လေ"

အမှန်တကယ်လည်းနှောင်းမှာမယုံနိုင်။သက်လျာရှာဖွေထားတဲ့အချက်အလက်တွေကြောင့်သာယုံရသည့်ဖြစ်ခြင်း။စကားတက်တိုင်းအမြဲတမ်းလူကိုကန့်လန့်ပဲလိုက်ပြောနေတာလေ။

အဲ့လို စကားကပ်ပြောတာခများကိုမှဆိုတာကိုတော့ဒီစစ်ပြန်မပြောလိုက်တော့ပေ။

"ဟုတ်ပါပြီ...ထားပါခများဘက်ကလိုချင်တဲ့အချက်တွေကိုဆက်ပြော"

"Ok...ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်.."

"အင်း"

ဒီစစ်ကခေါင်းငြှိမ့်ပြရင်းပြောတော့ နှောင်းကပြောရခက်နေဟန်နဲ့ဒီစစ်ကိုတစ်ချက်ကြည့်သည်။ထို့နောက်အသက်ကိုရှူသွင်းရှူထုတ်နှစ်ကြိမ်ခန့်ပြုလုပ်ပြီးနောက်....

"ရှင်...ကျွန်မအသားကိုကျွန်မ မကြည်ဖြူဘဲမထိရဘူး"

ပြောပြီးဒီစစ်ကိုမျက်ဖြူလှန်ကြည့်ကြည့်သည်။

"ဟမ်!!"

အံ့သြတကြီး အာမေဒိတ်သံပြုမိသူက ဒီစစ်...။
သောက်လက်စ အမေရီကာနိုတွေကပိုခါးနေသလို....ဘယ်လို..သူ မကြည်ဖြူဘဲသူ့အသားကိုမထိရဘူးတဲ့လား....ဟမ့်..နှောင်းတခေတ် တို့လည်ချက်....ဒါဆိုခများကြည်ဖြူရင်ထိလို့ရတာပေါ့လို့ မေးပစ်လိုက်ချင်စိတ်တို့ကတဖွားဖွား။သို့သော်အပြင်မှာတော့ထုတ်မမေးမိပါ။ခုဏကမှသူ့ကိုအထင်မသေးနဲ့လို့ပြောထားသူမို့ကိုယ်ကအခုလိုပြောလိုက်ရင်သူ့ကိုအထင်သေးလို့ပြောတယ်ဖြစ်မှာစိုးရသေးသည်။

ခများအမျိုးသားက Billionaire Where stories live. Discover now