ညရောက်တော့ဒီစစ်မှာတော်တော်နှင့်အိပ်မပျော်နိုင်။မနက်ဖြန်အရေးအတွက်တွေးမိရင်း....ဘယ်ဘက်ရင်အစုံကလှုပ်ရှားခုန်ပေါက်လာသလို..။သူ သက်ပြင်းသာချမိသည်။ ရင်ခုန်ရတာကိုပျင်းသည်။ဘဝရဲ့ဒုတိယမြောက်ခုန်သံမို့ပထမတစ်ခါကလောက်အနေမခက်ပေမဲ့လို့ သူ့မှာဂနာမငြိမ်နိုင်။ဟိုမာနခဲလေးကရော...ဘယ်လိုနေမယ်သိချင်မိတာကြောင့်စားပွဲပေါ်မှဖုန်းကိုယူကာ နံပတ်တစ်ခုဆီသို့ဆက်သွယ်လိုက်မိသည်။
"ဘာလဲ.."
ဖုန်းကိုင်ကိုင်ချင််းကြားလိုက်ရသောစကားကြောင့်ဒီစစ်အံ့ဩမိသည်။ ဘုရားစူး....နှောင်းတခေတ်တို့ကလူကိုဆိုစကားလုံးဝကိုအကောင်းမပြောတက်တာ။
"ခများဟာလေ...လူကိုဆိုအမြဲကန့်လန့်ပဲ"
"ရှင်စကားရစ်ရှည်မနေနဲ့....ဘာကိစ္စဆက်တာလဲပဲပြော"
"ခများရင်ထဲအခုဘယ်လိုဖြစ်နေလဲဟင်"
ချက်ချင်းပြောင်းလဲသွားတဲ့စကားသံကြောင့်နှောင်းတစ်ချက်တွေသွားမိသည်။ဘာလဲ..အခုက ဒီစစ်နေတို့ စကားသံတွေနူးညံ့နေတာလား။
"အဟမ်း..ဘယ်လိုဖြစ်ရမှာလဲ..ဘာမှမဖြစ်ပါဘူး"
"ဪ..ကျွန်တော်ကတော့.."
"အင်း..ဆက်ပြော"
"ထားပါ....ဒီတိုင်းအားနေလို့လိုက်ဆက်နေတာ..ခများကဘာအရောင်ကိုကြိုက်တာလဲ"
"Black "
"ဟမ်!!"
တွေ့လားနှောင်းတခေတ် တို့ကအဲ့လိုမနူးညံ့သူပါဆို..။အမှန်ဆိုမိန်းကလေးတော်တော်များများက ပန်းနုရောင်တို့အဖြူရောင်တို့လိုမျိုးအနုအရွလေးတွေကြိုက်ကြတာမလား။ဘယ့်နှယ့်သူ့အလှည့်ကျမှအနက်တဲ့လေ။နှောင်းတစ်ခေတ်မှာမိန်းကလေးနဲ့တူတာဆိုလို့နှစ်နေရာပဲရှိမည်ထင်သည်။မျက်နှာလေးနဲ့....ဟွန်း။
"ခများဟာလေ..တကယ်ကိုမနူးညံ့သူပဲ...."
"အရင်ကလည်းဒီအတိုင်းပဲ အခုလည်းဒီအတိုင်းပဲ နောက်လည်းဒီအတိုင်းပဲဖြစ်နေမှာ..."
"အင်းပါ ဟုတ်ပါပြီ ဒါနဲ့ခများမနက်အတွက်ရင်တွေဘာတွေခုန်မနေနဲ့အုံးနော်"
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ