လျှောက်လမ်းဆုံးသည်နှင့်သင်းအုပ်ဆရာ၏ရှေ့မှောက်သို့ရောက်ပြီဖြစ်သည်။နှစ်ယောက်သားမျက်နှာချင်းဆိုင်ရပ်မိတော့သတိုးသမီးလေးကမျက်နှာမော့မလာ။အဖြူရောင်ဇာခေါင်းအုပ်လေးကြောင့်မျက်နှာကိုခပ်ဝါးဝါးသာတွေ့နေရပေမဲ့ မျက်နှာလေးမှာပန်းသွေးရောင်သန်းနေမည်ကိုဒီစစ်သေချာသိနေသည်။ခဏအကြာတွင်သင်းအုပ်ဆရာ၏ကြည်လင်းသောမဂ်လာအသံထွက်ပေါ်လာပြီးနောက်....
"မဂ်လာခေါင်းဆောင်းလှန်လို့ရပါပြီ"
ဘာရယ်ကြောင့်မသိ....သူ့မျက်နှာပေါ်ကဇာခေါင်းဆောင်းလေးကိုလှန်တင်ပေးဖို့ကိုယ့်မှာအင်အားတွေချည့်နဲ့နေသလို..ကိုယ့်လက်တွေတုန်နေတာကိုဒီစစ်မသိချင်ယောင်သာဆောင်ထားလိုက်ရင်းဇာပုဝါလေးကိုမတင်ပေးလိုက်မိတော့မျက်နှာနုနုလေးကကိုယ့်ရှေ့မှာတင့်တယ်လွန်းစွာ....
"သတို့သမီးနဲ့သတို့သားအချင်းချင်းဂတိသစ္စာတည်လိုက်ကြပါအုံး ...သတို့သားကစပြောလိုက်ပါ"
ဘေးနားရှိကောင်လေးတစ်ယောက်ကကြိုးမဲ့မိိုက်တစ်လုံးကိုလာပေးသည်။မိုက်ကိုလှမ်းယူလိုက်ရင်းတစ်ယောက်သောသူကိုကြည့်မိတော့ကိုယ့်ကိုဖျက်ခနဲမော့ကြည့်လာသည်။တစ်ချက်ပြုံးပြလိုက်ပြီးခန္ဓာကိုယ်ကိုသူ့ရှေ့သို့တည့်တည့်လှည့်ကာ....
"ကျွန်တော်ကသိပ်ပြီးတော့ကဗျာဆန်ဆန်တွေမဖွဲ့နွှဲ့တက်ပေမဲ့ သေချာပြောနိုင်တာတစ်ခုက ကျွန်တော့ကိုရွေးချယ်မိလို့နှောင်းလုံးဝနောင်တမရစေရပါဘူး..ပြီးတော့ ဒီခမ်းမထဲကလူတွေကိုကျွန်တော်သိစေချင်တာတစ်ခုရှိတယ် အဲ့တာက ကိုယ်ချစ်ရတဲ့လူကိုပိုင်ဆိုင်
ခွင့်ရတာဟာ ကမ္ဘာတစ်ခြမ်းရဲ့အရှင်သခင်ဖြစ်ရတာနဲ့တူတယ်ဆိုတာပါပဲ ဒါကြောင့်ဒီနေ့ကစပြီးကျွန်တော်ဟာကမ္ဘာတစ်ခြမ်းကိုပိုင်စိုးနိုင်ခဲ့ပါပြီ...."စကားသံဆုံးတော့နှောင်းရဲ့ပါးပြင်လေးပေါ်မှာရှက်ရိပ်လေးတွေသန်းနေသည်။မျက်လုံးဝိုင်းဝိုင်လေးများမှာတော့အံဩရိပ်ကလေးဖြတ်ပြေးလို့ပေါ့....
"သတို့သမီးကဂတိသစ္စာတည်ပေးပါအုံး"
နှောင်းလက်ထဲသို့ရောက်လာသောမိုက်လေးကိုလွတ်မကျသွားစေဖို့မနည်းကြိုးစားနေရသည်။ဟိုလူပြောသွားတဲ့စကားတွေကြောင့်ကိုယ့်မှာယိုင်နဲ့နဲ့ဖြစ်ချင်နေသည်။အင်းလေ...လူတွေရှေ့မှာဆိုတော့သူဒီတိုင်းပဲပြောလိုက်တာနေမှာပေါ့...။ အခုကိုယ်ကရော...ကိုယ်အခုပြောမဲ့စကားတွေကစိတ်ထဲကပါနေတာရောမဖြစ်နိုင်ဘူးလား။
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ