"ခများရာ....ပြောနေတာကိုလက်ခံစမ်းပါ"
"လက်ခံစရာဘာအကြောင်းရှိသလဲ..ဟမ်..မဖြစ်နိုင်တာကိုအရင် စပြောတာဘယ်သူလဲ"
"ခများနော်...မောင်ပြောတဲ့အထဲမဖြစ်နိုင်စရာဘာရှိလဲ.."
ညအိပ်ခါနီးမှစကားထများနေရတာမို့နှောင်းတကယ်စိတ်အချဥ်ပေါက်မိသည်။စကားထများရလောက်သည့်အကြောင်းအရင်းက ရှမ်းပြည်နယ်ဘက်ခရီးထွက်မည်ဆိုသောကိစ္စကြောင့်ပင်။နှောင်းအတွက်ကုမ္ပဏီကိုတစ်ပတ်လောက်ပစ်ထားခဲ့ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်။အခုမှပြန်လည် လည်ပတ်နိုင်သည့်ကုမ္ပဏီရဲ့အခြေအနေကြောင့်ပစ်ထားခဲ့ဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်။ဒါကိုဒီစစ်နေတို့ကနည်းနည်းလေးမှနားမလည်။
"ကုမ္ပဏီကိုတစ်ပတ်လောက်ပစ်ထားခဲ့ရမှာကိုကမဖြစ်နိုင်တာလေ....တစ်ပတ်လောက်ပစ်ထားလိုက်ရင်ဘာဖြစ်သွားမလဲ"
"နှောင်းနော်...မောင်ကလုပ်ငန်းစုတစ်ခုလုံးကိုပစ်ထားခဲ့ရမဲ့လူပါ....."
"ရှင့်ဟာရှင် ထားနိုင်ခဲ့လို့ထားတာလေ ကျွန်မကတော့ပစ်မထားခဲ့နိုင်ဘူး"
"နှောင်း...မောင့်ကိုရှင်လို့မပြောနဲ့လို့ဆို..."
"ဪ...ကဲ စကားများနေတာလေ ဘာကို
တမောင်မောင်နဲ့ခေါ်နေရမှာလဲ""မရဘူးနှောင်းရာ.."
"ဟင်း...ပြီးရော ဒီမှာမောင် နှောင်းတစ်ပတ်လုံးလုံးကြီးပစ်ထားခဲ့ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့"
"ဘာလို့လဲ.."
"ကုမ္ပဏီကအခုမှလည်ပတ်ကာစလေ..လုပ်ငန်းချဲ့ထွင်ဖို့အတွက်တအားကိုကြိုးပမ်းနေရတာ နှောင်းကခရီးထွက်လို့ဖြစ်မလား"
"အဲ့လုပ်ငန်းချဲ့ထွက်ဖို့ကိုမောင့်တာဝန်ထား..နှောင်းသာလိုက်ခဲ့"
"စကားကိိုအလွယ်မပြောနဲ့မောင်.."
"နှောင်းရာ...မောင့်ကိုယုံ.."
သူမ မယုံတစ်ဝက်ယုံတစ်ဝက်မျက်လုံးများဖြင့်သူ့ကိုလှမ်းကြည့်လိုက်သည်။မျက်ခုံးတွေတွန့်ချိုးထားပုံကိုကအလိုမကျမှုတွေရဲ့ပြယုဂ်တွေအလား။ခပ်တိုးတိုးကြားနေရတဲ့အသက်ရှူသံခပ်မြန်မြန်တွေကြောင့်ဒေါသထွက်နေပြီမှန်းနှောင်းရိပ်စားမိလိုက်သည်။ဟင်း...နေရာတကာသူ့စိတ်အလိုကျအတိုင်းတွေချည်းပဲ။
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ