တောင်ကုန်းပြေပြေလေးပေါ်တွင်တည်ရှိနေသောအိမ်ကလေးရှေ့တွင်ဒီစစ်ကရပ်လိုက်သည်မို့နှောင်းကအိမ်ကလေးကိုသေချာကြည့်ရှုနေသည်။"ဒီအိမ်လား"
"အင်း..ခများနေနိုင်ရဲ့လား မနေနိုင်ရင်လည်းတောင်ကြီးမှာရှိတဲ့မောင့်အိမ်မှာပဲနေမလား မောင်ကတောင်ကြီးရောက်ရင်ဒီမှာပဲနေ နေကြမလို့နှောင်းကိုဒီကိုပဲခေါ်လာလိုက်တာ..ပြီးတော့နှောင်းပိုပြီးလွတ်လပ်အောင်...ဒီကတိုင်းရင်းသားတွေနဲ့လည်းပိုပြီးရင်းနှီးအောင်လို့ပါ"
နှောင်းကဒီအိမ်လားလို့မေးရုံရှိသေး အဆုံးထိရှင်းပြနေသောဒီစစ်နေရယ်ပါလေ။မနေနိုင်ပါဟုလည်းမပြောမိပါဘဲ။
"ရတယ် ရတယ် ကျွန်မဒီမှာပဲနေမယ်"
ထိုအခါမှဒီစစ်၏နှုတ်ခမ်းလွှာတွင်ပြုံးယောင်သမ်းသွားတော့သည်။မဟူရာရောင်မျက်လုံးများကတောက်တောက်ပပ။
အိမ်ကလေးကဘိလပ်မြေအုတ်ဖြင့်တည်ဆောက်ထားသောနှစ်ထပ်အိမ်ကလေးဖြစ်ကာအတော်ပင်ကျယ်ဝန်းပါသည်။အိမ်ကကျယ်သလိုခြံကလည်းကျယ်ကာခြံထဲတွင်ပြောင်းဖူးများချိတ်ဆွဲထားသည်ကိုလည်းတွေ့ရသည်။မုန့်ညင်းခင်းများ၊ခရမ်းချဥ်ခင်းများကိုလည်းတွေ့ရသေးသည်။အိမ်ရှေ့တွင်စားပွဲတစ်လုံးရှိပြီးတန်းလျားနှစ်ခုလည်းရှိနေသည်။
"ဘခွန်သိုက်..ကျွန်တော်ရောက်ပြီ..မယ့်ရေ..သားရောက်ပြီ"
ဒီစစ်ကနှောင်းလက်ကိုဆွဲကာခြံထဲသို့လှမ်းဝင်ရင်းအိမ်ထဲရှိလူများကိုအော်ခေါ်လိုက်သည်။
"ဟေ...ဟ ငါ့သားရောက်လာပြီပဲ...မခင်ဆင့်ရေ..သားရောက်လာပြီဟ"
"ဟယ်...ငါ့သားရောက်ပြီလား လာပြီလာပြီ..သားရေ..မယ့်လာပြီ"
အိမ်ထဲရှိလူနှစ်ယောက်၏စကားသံဝဲဲဝဲကြောင့်ဒီစစ်အလိုလိုနေရင်းပြုံးမိသည်။သူ့အတွက်ဒုတိယမိသားစုဝင်တွေမဟုတ်ပါလား။
နှောင်းကတော့ငူတူတူလေးနှင့်မတ်တပ်ရပ်နေတုန်း။စကားသံနှင့်အတူအိမ်ထဲမှခပ်ပြည့်ပြည့်ဦးလေးကြီးတစ်ယောက်နှင့်ပိန်ပိန်ပါးပါးအဒေါ်ကြီးတစ်ယောက်ထွက်လာသည်။နှစ်ယောက်စလုံးအသားဖြူသူတွေဖြစ်ပြီးဦးလေးကြီးကကွမ်းကိုပါးစောင်းတွင်ငုံထားကာအဒေါ်ကြီးကခေါင်းပေါင်းနှင့်ပင်။
အဒေါ်ကြီးကခေါင်းပေါင်းကိုဖြည်ကာအနားရောက်လာပြီးဒီစစ်ကိုဖတ်ထားသည်။ဒီစစ်ကလည်းထို့အမျိုးသမီးကိုတစ်ဖန်ပြန်ဖတ်ထားကာ...
YOU ARE READING
ခများအမျိုးသားက Billionaire
Roman d'amourဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ