နှောင်းအတွေးလွန်နေမိတာနဲ့ကားကမြို့ပြင်သို့ရောက်လာတာကိုမသိ။အသိပြန်ဝင်လာမှဘေးကိုကြည့်မိတော့ကားကမြို့ပြင်သို့လုံးလုံးလျားလျားရောက်နေကာဘေးတွင်စက်မှုဇုန်များသာရှိနေသည်။သို့သော်ကားကအခုထိမရပ်သေးပေ ထိုအခါဘေးကလူကိုကြည့်မိတော့ ခပ်တည်တည်ပင်ကားမောင်းခြင်း၌သာအာရုံထားနေသည့်ဟန်...။
"ဒီမှာ...ရှင်ဘယ်ကိုမောင်းလာတာလဲ"
နှောင်းစကားသံလေးကအနည်းငယ်တုန်ယင်နေသည်။အသက်25အရွယ်မိန်းကလေးတစ်ယောက်ပေမဲ့ယော်ကျ်ားလေးတွေနဲ့ပတ်သက်ရင်နှောင်းကလုံးဝအစိမ်းသက်သက်။စိတ်ထဲ၌ကြောက်မိသလိုလို...နှောင်း၏အသံကိုကြားမှထိုလူကလှည့်ကြည့်လာကာ....
"မြို့ပြင်လေ.."
"ဘာ!!!"
နှောင်းထိတ်လန့်တကြားအော်လိုက်မိသည်။မျက်နှာပေးကိုက ကိုယ့်ကိုကြောင်လိုက်တာဆိုသည့်မျက်နှာပေးမျိုး...
"မြို့ပြင်ဆိုတတာကိုတော့ရှင်ပြောမှလားကျမသိတာပေါ့ ....ဘာကိစ္စနဲ့မောင်းလာရတာလဲဆိုတာကိုသိချင်တာလေ"
"ခများကအစောကတည်းကအဲ့လိုမေးမှပေါ့"
ဘေးနားမှနေ၍အထိတ်တလန့်ဖြစ်နေသူအားကြည့်၌ဒီစစ်အတော်လေးကိုရယ်ချင်လာသည်။ကြောက်တက်လိုက်တာကလည်းသူ့အပြင်နှစ်ယောက်မရှိ။ကိုယ့်ထက်အသက်2နှစ်ကျော်လောက်ကြီးပေမဲ့မျက်လုံးအိမ်လေးဝိုင်းကာကိုယ့်ကိုအလန့်တကြားကြည့်နေပုံကတကယ့်ချာတိတ်ပေါက်စလေးနှယ်...။
"ဖြေလေ....ဘာလို့မြို့ပြင်ကိုမောင်းလာရတာလဲလို့...."
"ဟာ..ခများပဲဆွေးနွေချင်တာလေးရှိလို့ဆို..."
"ဟုတ်တယ်လေ...ဒါမဲ့ဘာလို့မြို့ပြင်ကိုရောက်လာရတာလဲ...ကားရပ်ပေး...ရှင်နော်...ကျွန်မကိုဘာမှတ်နေလဲ...ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော် အသက်ချင်းလဲပစ်မှာ"
အတွေးလွန်တက်တဲ့နေရာမှာလည်းနှောင်းတခေတ်တို့တကယ့် ဆရာတစ်ဆူပေပဲ..ကိုယ်ကအေးအေးဆေးဆေးစကားပြောရအောင် မြု့ပြင်မှာသီးသန့်ဆန်ဆန်ဖွင့်ထားတဲကော်ဖီဆိုင်လေးကိုခေါ်လာရုံပဲကို မနှောင်းတခေတ်တို့ကအသက်ချင်းလဲဖို့အထိတွေးပစ်လိုက်ပြီးပြီ...အဟွန်း...တကယ့်မလွယ်ကြော..
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ