နှောင်းလည်းမျက်လုံးကျယ်နေပြီမို့မိုးလင်းမည့်အချိန်ကိုစာရင်းတွေစစ်ရင်းသာစောင့်နေလိုက်သည်။ 6နာရီလောက်ကျတော့ရေချိုးကာအောက်သို့ဆင်းခဲ့တော့သည်။ဆောင်းတွင်း၏အအေးဓာတ်ကြောင့်ရေလည်းကြာကြာမချိုးရဲ..အောက်ရောက်တော့မေမေကဘုရားဝတ်ပြုပြီးပြီမို့ထမင်းစားခန်းထဲတွင် မသန္တာ နဲ့အတူမနက်စာပြင်ဆင်နေသည်။နှောင်းကမေမေ့ခါးကိုနောက်မှဖက်လိုက်ကာ...
"မေမေ့...မနက်စာကဘာနဲ့လဲ"
"ကဲ..နိုးလာပြီပေါ့..ဒီမှာမေမေ့သမီးလေးအကြိုက်မုန့်တီလေးကိုချဥ်စပ်လေးသုပ်ပေးထားတယ် ဒါလေးပြင်ပြီးလို့မနိုးရင်တောင်မေမေကလာနှိုးမလို့.."
"မွ...မေမေ့ကိုအချစ်ဆုံးပဲ"
နှောင်းကမေမေ့ပါးလေးကိုတစ်ချက်နမ်းလိုက်သည်။မေမေ့ပါးကသနပ်ခါးရနံ့မွှေးမွှေးလေးကြောင့်နှောင်းစိတ်လေးပိုလန်းသွားသလို။ဘဝမှာဘယ်လောက်ပဲခက်ခဲနေပါစေ မေမေရှိသေးတယ်ဆိုတဲ့အသိနဲ့နှောင်းရှေ့ဆက်ခဲ့ရတာ။မေမေဟာနှောင်းဘဝရဲ့အရာရာ...မေမေနှောင်းကြောင့်စိတ်ဆင်းရဲမှာကိုနှောင်းသေရမှာထက်ပိုကြောက်ပါသည်။အခုလည်းနှောင်းပြောမည့်ကိစ္စကိုမေမေသိရင်ဘယ်လိုတုန့်ပြန်မည်မသိသေးပေ။မုန့်တီသုပ်လက်စ မေမေ့ကိုနှောင်း ခုံမှာဝင်ထိုင်ကာစောင့်နေလိုက်သည်။
"ကဲ...ပြီးပါပြီရှင်.."
"Yeah!! မေမေ့လက်ရာလေးကို 5stars hotel ကမမှီဘူးသိလား"
"အမလေး...ဟုတ်ပါပြီရှင် ရော့ အဝစားသမီးလေး"
"ဟုတ်..."
မေမေကမုန့်တီသုပ်လေးကိုနှောင်းပန်းကန်ထဲသေချာစွာထည့်ပေးနေသည်။ထို့နောက်သူမ ပန်းကန်ထဲသို့လည်းထည့်ကာ ခုံမှာဝင်ထိုင်လိုက်သည်။မပြောလျှင်လည်းမပြီးမည့်ကိစ္စပေမို့..။နှောင်းက စားနေရင်းမေမေ့ကိုတစ်ချက်မျှကြည့်ကာခေါ်လိုက်သည်။
" မေမေ"
"ဟင်..ပြောလေသမီး..အရသာတစ်ခုခုလိုနေလို့လား"
"မဟုတ်ပါဘူး မေမေရဲ့ ဟို...နှောင်းပြောစရာလေးရှိလို့"
"ဟုတ်ပြီ..ဟုတ်ပြီ..ပြောပြော မေမေနားထောင်ပေးမယ်"
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ