🍀part-9🌹

217 11 0
                                    

"မြန်လှချည်လားသားတို့ရယ်"

"ဟို..ဒီလိုပါအန်တီ ကျွန်တော်ကနောက်အပတ်အတွင်း Korea ကိုအလုပ်ကိစ္စနဲ့သွားစရာရှိလို့ပါ တော်တော်လေးလည်းကြာမှာမို့ကျွန်တော်မသွားခင်လက်ထက်သွားချင်တာပါ"

ဒေါ်ခင်သူဇာ နောက်တစ်ကြိမ်မျက်လုံးပြူးရပြန်သည်။ လက်ထက်ဖို့အတွက်ပါဆိုတော့...ဟင်း။ဟုတ်တော့လည််းဟုတ်ပါတယ်လေ ကိုယ့်သမီးအသက်ကလည်းငယ်တော့တာမှမဟုတ်ဘဲလေ။

"သမီးသဘောကရော..."

နှောင်းမှာကိုယ့်အိမ်ကိုယ့်အိုးဖြစ်နေပေမဲ့ အနေရခက်လွန်းလှသည်။ထိုကြားထဲမေမေက နှောင်းကိုမေးလာသည်မို့ပိုဆိုးလှသည်။

"ဟို...နှာင်းလည်းအတူတူပါပဲမေမေ"

အမလေးနော်...ကိုယ့်သမီးကလည်းနှစ်ခါမေးစရာပင်မလို..။ကဲ...ဘာတက်နိုင်သေးလဲ။ကလေးတွေရဲ့ချစ်သူသက်တမ်းကလည်းနှစ်နှစ်ကျော်ပြီဆိုတော့ သူမခွင့်ပြုပေးသင့်တယ်မဟုတ်လား။

"ကဲ..ဟုတ်ပါပြီ..သားလက်ထက်ထဲကိုအန်တီ့သမီးလေးထည့်ပေးရမှာအန်တီစိတ်ချပါတယ်ကွယ် သားတို့ရဲ့ချစ်သူသက်တမ်းလည်းမနည်းတော့ဘူးဆိုတော့ အန်တီခွင့်ပြုပါတယ်..သားမိဘတွေသိပြီးပြီလို့တော့ထင်ပါတယ်နော်"

"ဟုတ်ကဲ့..မေမေတို့အကုန်သိပြီးပါပြီ"

"ဟုတ်ပါပြီ....ဒီလိုဆိုတော့လည်း မနက်ဖြန်ကျသားမိဘတွေလာတောင်းလှည့်ပေါ့လေ"

"ဟုတ်ကဲ့ပါအန်တီ....ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် နှောင်းကိုလည်းအန်တီစိတ်ချရလောက်အောင်ကျွန်တော်ဂရုစိုက်ပါ့မယ်"

"အင်းပါသားရယ်..အန်တီသားနဲ့ဆိုစိတ်ချပါတယ်"

အတိုင်အဖောက်ညီနေသောမေမေနဲ့ဟိုတစ်ယောက်ကိုကြည့်ရင်းနှောင်းနှုတ်ခမ်းလေးစူမိသည်။အခုမှတွေ့ကြပေလို့သာပဲ ရွှန်းရွှန်းကိုဝေနေတာ..။နှောင်းကို ဂရုစိုက်ပါမယ်တဲ့လေ ရီချင်လိုက်တာ ဟွန်း မသိရင်နှောင်းကိုပဲအရမ်းတွေချစ်နေသလို ဒီလူဟာဟန်ဆောင်ကိုကောင်းလွန်းတယ်။ပုံစံကိုကနှင်လွှတ်မှပြန်မည့်ပုံ။

ခများအမျိုးသားက Billionaire Where stories live. Discover now