နှောင်းတလမ်းလုံးဒေါသထွက်နေသည်ကမပြေနိုင်သေးပေ။လူကိုများဘာထင်နေသည်မသိ ပြောပုံကိုကအထက်စီးက...သူ့ကိုများလက်ထက်ရအုံးမည်တဲ့...ဟွန်း...အံ့သြစရာ..
နှောင်းလည်းပူထူးပြီးပြောချင်ရာပြောချလိုက်တာမို့သတိမထားမိလိုက်..6ပေမီးချောင်းကောင်ဟုမည်သို့စိတ်ကူးပေါက်၍ပြောလိုက်မှန်းကိုပင်မသိ ဒီကြားထဲသူ့လိပ်စာကဒ်ကိုကောက်ယူလာလိုက်သေးသည့်လက်ကိုရိုက်သာချိုးပစ်ချင်သည်။ ဟူးးးနှောင်းတခေတ်တစ်ယောက်ထင်ရာတွေလုပ်ခဲ့တာပဲ...နှောင်းကားမောင်နေရင်းအတွေးပေါင်းစုံကြောင့်ခေါင်းကိုရမ်းလိုက်မိသည်။15မိနစ်လလောက်မောင်းပြီး နှောင်းအိမ်ပြန်ရောက်တော့ဧည့်ခန်းထဲ၌မေမေ့ကိုတွေ့ရ၍နှောင်းအတာက်ပဆုံးဖြစ်အောင်ပြုံးပြလိုက်သည်။နာရီကြည့်မိတော့6နာရီ...ပုံမှန်ဆိုမေမေဘုရားရှိခိုးရးချိန်မဟုတ်လား...နှောင်းကိုများပြောစရာရှိနေလေသလား..."မေမေ...ဘုရားမရှိခိုးသေးဘူးလား"
"အင်း ခဏနေရှိခိုးတော့မှာ..သမီးဒီကိုခဏလာအုံး"
နှောင်းမေမေ့ဘေးဝင်ထိုင်ကာမေမေ့ကိုဖတ်ထားလိုက်သည်။
"ကဲ...သမီးကိုပြောစရာရှိလို့လားမေမေ..ပြောပါအုံး"
"ကုမ္ပဏီအကြောင်းတွေမေမေ့ကိုဘာလို့မပြောရတာလဲသမီးရယ်..."
နှောင်းကိုယ်လေးမတ်သွားမိသည်။ကုမ္ပဏီရဲ့ယိုင်နဲ့နဲ့အခြေနေတွေကိုမေမေကသိနေတာလား..ဘယ်လိုလုပ်သိသွားရတာလဲ...
"အဆင်ပြေပါတယ်မေမေရဲ့..အသေးအဖွဲလေးတွမို့မေမေ့ကိုနှောင်းမပြောတော့တာပါ"
"ရှယ်ယာ40%လောက်ဆုံးရှုံးလိုက်ရတာတောင်အသေးအဖွဲလားသမီးရယ်...မေမေ့သမီးလေးသိပ်ပင်ပန်းနေမှာပဲကွယ် မေမေဘာမှလုပ်မပေးနိုင်ဘူး မေမေသာစီမံခန့်ခွဲတက်ခဲ့ရင်မေမေ့သမီးလေးဒီလိုသောကရောက်ရမှာမဟုတ်ပါဘူးကွယ်..မေမေ့အပြစ်တွေပါ"
မေမေကရင်ဘက်ကိိုဖိကာပြောရင်းငိုလေသည်။နှောင်းပူထူသွားသည်။မေမေ့မှာနှလုံးရောဂါရှိသည်။ထို့ပြင်မေမေ့မျက်ရည်တွေကိုနှောင်းမမြင်ချင်ပေ အမေတစ်ခုသမီးတစ်ခုဘဝမှာနှောင်းမေမေ့ကိုပြီးပြည်စုံအောင်ထားချင်သည်။မေမေဝမ်းနည်းတာကိုတောင်နှောင်းမကြည့်ရက်..နှောင်းကမေမေ့ကိုဖက်ကာ...
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ