"ကဲဗျာ....ဒီလိုဆိုတော့လည်းတောင်းရမ်းမဂ်လာကိစ္စအားလုံးအဆင်ပြေပြေနဲ့ပြီးမြောက်သွားပြီလို့မှတ်ယူလို့ရပါပြီခဗျာ.."
ဟမ်...ပြီးသွားပြီလား။အဟွန်း နှောင်းတခေတ်ကိုငေးနေမိတာနဲ့တင်အချိန်တွေကိုတောင်မေ့လို့လျော့လို့။ရပ်ကွက်လူကြီးတွေကမဂ်လာကိစ္စပြီးပြီမို့အလျှိုလျှိုထပြန်သွားကြပြီဖြစ်သည်။ထိုအခုမှနှောင်းရဲ့သူငယ်ချင်းတွေကဝင်ထိုင်သည်။
"အခုလိုကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးတဲ့ဒီကညီမကိုလည်းအမက ကျေးဇူးတင်ပါတယ်နော် "
ဒေါ်စုရည်နှင်းကနှောင်း၏မေမေကိုဝမ်းပန်းတသာပြောတော့မေမေကနှောင်းကိုကြည့်ရင်းပြုံးပြလာကာ..
"ရပါတယ်အမရယ် အမလိုယောက္ခမလောင်းမျိုးနဲ့တွေ့တဲ့အတွက်သမီးလေးကိုပိုပြီးတောင်စိတ်ချရပါပြီရှင်"
"အမလေး စိတ်ချညီမ အမကသမီးလေးအပေါ်အကောင်းဆုံးသောယောက္ခမဖြစ်စေရပါမယ်ကွယ်"
အမေလုပ်သူနှစ်ယောက်ကတော့လေပေးဖြောင့်နေလေတော့သည်။နှောင်းကရှက်နေသဖြင့်ခေါင်းငုံ့ထားတာမို့အခုမှဒီမင်းနေကိုမြင်ကာ...အံ့အားသင့်နေသည့်ဟန်လေးဖြင့်
"ဟင်...မင်းနေ..မင်းနေမလား"
ဒီမင်းနေကနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာသည်။တစ်ယောက်ကလည်းမရှက်ရှာဘူးခေါင်းကြီးငုံ့ထားလိုက်တာ ယခုမှသူ့ကိုတွေ့သည်ထင်။ကိုယ့်မှာတော့ အော်...သူငယ်ချင်းလေးကိုယ့်ကိုဘယ်အချိန်မြင်မလဲဆိုပြီးခေါင်းတစ်ထောင်ထောင်နှင့်။ခင်သက်မွန်တို့အဖွဲ့ကတောင်သူ့ကိုတွေ့တော့အားရပါးရပြုံးပြနေကြသည် အမယ်လေးကအခုမှတွေ့။
"ဟုတ်တာပေါ့ဟ....နင့်မလည်းနော် ခေါင်းကြီးငုံ့ထားလိုက်တာ ဟမ့်"
"ဟုတ်ပ ငါတို့ဖြင့်တွေ့တာကြာလှပြီ"
ရတီကနှုတ်ခမ်းလေးတွန့်ကာဝင်ပြောလာသည်။
"နင်က..ဘယ်လိုလုပ်"
"ငါကနင့်သတို့သားလောင်းရဲ့အကိုလေဟာ"
ဟင်...နှောင်းထပ်၍အံ့အောရပြန်ပါသည်။မင်းနေက ဟိုတစ်ယောက်ရဲ့အကို...။ဒါဆိုသူကနှောင်းထက်ငယ်တာပေါ့။ရုပ်ကိုကကိုယ့်ထက်အငယ်လို့ထင်စရာမရှိ။လူကြီးများကိုဝေ့ကြည့်မိတော့အားလုံးကသူတို့ဘာသာစကားပြောနေကြသည်။ဟိုတစ်ယောက်ကတော့သူ့ကို အခုမှသိလားဆိုတဲ့ပုံစံအကြည့်ဖြင့်စိမ်ပြေနပြေထိုင်ကြည့်နေပြန်သည်။
YOU ARE READING
ခများအမျိုးသားက Billionaire
Romanceဘယ်လိုအကြောင်းပြချက်မျိုးဖြစ်နေပါစေနောက်ဆုံးအဖြေကတစ်ခုတည်းအဲ့တာက ခများကကျွန်တော့်အပိုင်ဆိုတာပဲ