p-1

1.4K 64 5
                                    

"ရှပ်" စားပွဲပေါ် ပစ်ချလိုက်တဲ့ စာချုပ်တစ်ခု

"ဒါဘာလဲ"

"မင်းအဖေရဲ့ အကြွေးစာရင်းတွေပဲ"

"ရှင် အဖေ့ company ကိုသိမ်းပြီးပြီလေ"

"မင်းအဖေ ငါ့ဆီက ငွေးချေးထားတာလေ မဆပ်နိုင်တော့ သူပိုင်တဲ့ company ကိုသိမ်းရမှာပေါ့  အဲ့ companyနဲ့ မင်းအဖေ အကြွေးကျေမယ်ထင်နေသလား မင်းအဖေရဲ့ ကျန်တဲ့ အကြွေးတွေကို ငါလိုချင်တယ်"

"ကျွန်မမှာ ဘယ်လိုလုပ် ရှိမှာလဲ"

"အဲ့တာ ငါဂရုမစိုက်ဘူး မင်းအဖေရဲ့ ကျန်တဲ့ အ‌ေကြွးတွေကိုဆပ်မလား ငါနဲ့လက်ထပ်မလား"

"ဘာ....ကျွန်မ ရှင့်ကို မယူနိုင်ဘူး ကျွန်မမှာ ချစ်သူရှိတယ်"

"ဟက် အဲ့တာဆို မင်းအဖေ ယူထားတဲ့ သိန်း၅‌ေထာင်ကို ၃ရက်အတွင်း ပြန်ဆပ် ပြီးရင် ဒီအိမ်ပေါ်ကဆင်း မင်းဆင်းတာနဲ့ ဒီအိမ်ကိုဖျက်မယ်"

"တောက်...ရှင် ယုတ်မာ လှချည်လား"

"အေး မင်းကို ယူပြီးရင် ဒီထက် ယုတ်မာပြမယ်"

"ရှင်..."

"အချိန် ၃ရက်ပေးမယ် မင်းစဉ်းစား ငါသွားပြီ"

ကားလေး ခြံအပြင်ကိုရောက်တော့ အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် သူက ကားနားလေးကိုရောက်လာသည်

"ရမ်"

"ဟုတ်ကဲ့ "

"သူ့ကို သေချာစောင့်ရှောက်ထား ဘယ်သူမှ သူ့အနား မကပ်စေနဲ့ ခြံထဲကို ခွေးတစ်ကောင် ကြောင် တစ်မြှီးမှ ပေးမဝင်နဲ့ "

"ဟုတ်ကဲ့"

ထွက်သွားတဲ့ ကားလေးကို ကြည့်ပြီး ဆည်းဆာ စိတ်ရှုပ်လာသည် အိမ်ဖြိုမှာဆိုတဲ့ အတွေးက ဆည်းဆာ နှလုံးသားကို ဆွဲညှစ်ခံလိုက်ရသလိုမျိုးပင် ဒီအိမ်မှာပင် မိသားစုလိုက်ပျော်ပျော်ပါးပါးနေခဲ့ရတဲ့ ရက်တွေ မေမေ ရှိစဉ်က ‌အမှတ်တရတွေ ဒါတွေအားလုံးက ဒီအိမ်လေးမှာပင် အခြေတည်နေသည် ဆည်းဆာဘယ်လိုလုပ်ရပါမလိမ့်
ဖေဖေ ဘာကြောင့်များ နှောင်းမဏိရှိန်ဆိုတဲ့သူဆီက ပိုက်ဆံချေးရတာလဲ အိမ်က စီးပွား‌‌ေရး ဒီလောက်အဆင်မပြေတာကို ဆည်းဆာ ဘာလို့ မသိခဲ့ရပါလိမ့်

ဗီလိန် (Villain)Where stories live. Discover now