p-5

393 18 1
                                    

နေရောင်ဖျဖျ ဟာ ဆည်းဆာ မျက်နှာပေါ်ကျ လာတာကြောင့် ဆည်းဆာ နိုးလာသည်
နိုးလာတော့ သူမ ဘေးမှာ နှောင်းမဏိရှိန်ဆည်းဆာ ကိုယ်ပေါ်မှာ အဝတ်အစားတွေ မရှိတော့ပါ ‌မနေ့ညက ဘာဖြစ်ခဲ့ကြတာလဲ

ဆည်းဆာ ဝိတ်တာကောင်လေးလာပေးတဲ့ ဟာကို သောက်သည် အထိပဲ မှတ်မိသည် အဲ့နောက်ဘာမှ မမှတ်မိတော့ပါ

သူမ ငယ့်အပေါ် သစ္စာ ဖောက်မိပြီ သူမနဲ့ နှောင်းမဏိရှိန် ညက အဆင့်ကျော်သွားခဲ့တာလား
ဆည်းဆာ အတွေးတွေ ရှုပ်ရှပ်ခက်လာသည်

"နိုးရင်လဲ ထတော့"

"ကျစ်...ရှင်နိုးရင် ရှင်ထသွားပါလား"

"မင်းအရင်ထလေ"
"အဝတ်တွေမှ မဝတ်ရသေးပဲ ထားသွားရင်...."

"ရှက်မနေနဲ့ ညတုန်းက အကုန်မြင်ပြီးသွားပြီ ဟက်"

"နှောင်းမဏိရှိန်"ဆည်းဆာ ဒေါသသံဆွတ်ပြီး အော်လိုက်သည်

"မင်းငါ့နာမည်ကို အဲ့လို လေသံနဲ့ ပြောခွင့်မရှိဘူး ညတုန်းက မင်းဘက်က စတာနော် "

"ရှင် ကျွန်မ ခန္ဓာကိုယ်ပဲရမယ် ကျွန်မ အချစ်တွေ ဘယ်သောအခါမှ မရဘူး ရှင် မြဲမြဲ မှတ်ထား"

"သုံးစား မရတဲ့ အဲ့ဒီ့ အချစ်တွေ ငါက ဘာလုပ်ရမှာလဲ "

"ရှင်..."
"ဪ ရှင်က ကျွန်မကို ပိုက်ဆံနဲ့ သိမ်းထားတာပဲ ကျွန်မက ရှင့်ရဲ့ ကျွန်သာသာပဲ ရှင် ကျွန်မ ခန္ဓာကို လိုချင်တော့ ပေးရမှာပေါ့
ဟုတ်တယ်မလား နှောင်းမဏိရှိန်"

"နေဝင်ဆည်းဆာ.."နှောင်းမဏိရှိန် လေသံဟာ ဒေါသတွေ ပါနေသည်

"အစ်...အစ်...အစ်.."နှောင်းမဏိရှိန်ဟာ
ဆည်းဆာ့ လည်ပင်းကို ညှစ်ထားတာကြောင့် ဆည်းဆာ အသက်ရှူရခက်လာသည်

"နှောင်း.......မ.......ဏိ.....ရှိန်....."ဆည်းဆာ အသက်ရှူရ ပိုခက်လာသည်

"တောက် မင်းနောက်တစ်ခါ အဲ့စကားပြောရင် မင်းခေါင်းမှာ ပတ်တီးအဖြူတွေ နေရာယူရလိမ့်မယ်"

နှောင်းမဏိရှိန်ထွက်သွားမှ ဆည်းဆာ အသက်ဝဝ ပြန်ရှူနိုင်သည်

ထိုနေ့က စပြီး နှောင်းမဏိရှိန်ဟာ အိမ်ကို ပြန်မလာတာ ၁ပတ်ရှိသွားပြီ ဒါလဲ ဆည်းတာ အတွက် ကောင်းတာပဲ သူမရှိတော့ လွတ်လွတ်လပ်လပ် နေရသည် ဟူးး ဒီလူယုတ်မာ လက်ထဲမှာ ဘယ်လောက်တောင် နေရမလဲ တွေးရင် စိတ်ညစ်လာတာကြောင့် ဆည်းဆာ ဆက်မတွေးတော့ပါ

ဗီလိန် (Villain)Where stories live. Discover now