အခုတလောမှာ ELM ဆိုတဲ့ company ဟာ စီးပွားရေးလောကမှာ ရေပန်းစားနေသည်
Company ကြီးတွေနဲ့ အပြိုင် ကျော်ကြားလာတဲ့ ELM company"ကျွန်တော်တို့ ELM company နဲ့ ပူးပေါင်းရမယ် အကိုလေး TEX ဘက်က ELM နဲ့ ပူးပေါင်းဖို့ ခြေလှမ်းတွေပြင်နေတာ တွေ့ရတယ် အကိုလေး"
"ပူးပေါင်းဖို့ အကြောင်းကြားလိုက် ပူးပေါင်းမှုကို ငြင်းဆန်လို့ရတယ် TEX နဲ့ ပူးပေါင်းရင်တော့ အလွှတ်မပေးဘူးလို့ပါပြောလိုက်"
"ဟုတ်ကဲ့ အကိုလေး"
"မင်းသွားတော့ "
"ဟုတ်ကဲ့"
"ဟူးးးး "
"Hello အာဏာတည်တံ့ "
"Gran ဘာလာလုပ်တာလဲ"
"အကြောင်းထူးလို့"
"ဘာအကြောင်းလဲ"
"ဦးဝင်းနိုင်သမီး နေဝင်ဆည်းဆာနဲ့ နှောင်းမဏိရှိန်က လက်ထပ်ထားတာတဲ့"
"မင်းစကားကို ယုံဖို့ခက်တယ် Gran"
"အဲ့ company က ရှယ်ယာရှင်တစ်ယောက်ကိုယ်တိုင်ပြောတာ အကိုလေး"
"ဟက်" အာဏာတည်တံ့ ခပ်ညစ်ညစ်ပြုံးလိုက်သည်
"နှောင်းမဏိရှိန်ဒေါသ ဘယ်ေလာက် တောက်လောင်နေသလဲဆိုတာကြည့်ရသေးတာပေါ့"
"ရပြီး Gran မင်းပြန်လို့ရပြီ"Gran ပြန်ပြီးနောက် အာဏာတည်တံ့ဟာ တစ်စုံတစ်ဦးစီကို ဖုန်းဆက်လိုက်သည်
အိမ်ရောက်တော့ အန်တီသင်းက သူတို့ကို စောင့်ကြည့်နေသည် ဖွား ကြောင့်သာ မဟုတ်ရင် သူ့ကို အပျက်ရှင်းပြီးနေလောက်ပြီ အာဏာတို့ကို အမြဲစောင့်စောင့်ကြည့်နေတာကြောင့် မေမေက အာရုံဦးကို ကြင်နာပြခိုင်တာကြောင့် သူရှေ့ဆို အာဏာ မလုပ်ချင်ဆုံး ကြင်နာ ပြရသည် ကို လုပ်ရသည်
"ဘယ်သွား မလို့လဲ အာဏာ" အန်တီသင်းက အာရုံနဲ့ သူ အိမ်ပေါ်က ဆင်းလာတော့ မေးလာသည်
"အာရုံအတွက် ပစ္စည်းလေးတွေ သွားဝယ်ပမလို့ပါ"
"ဟုတ်ပါပြီ"
"သား"ဧည့်ခန်းထဲက မေမေ့ခေါ်သံကြောင့် အာဏာ ဧည့်ခန်းထဲ ဝင်လာလိုက်သည်
YOU ARE READING
ဗီလိန် (Villain)
Romance"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်