(....) အထက်တန်းကျောင်းရဲ့တစ်နှစ်တစ်ခါသာ ကျင်းပလေ့ရှိသည့်ကျောင်းသားပွဲတော်တွင် ဝီရိယရှိစွာ စောရောက်နေပြန်တဲ့ ဟီဆွန်း စိတ်လှုပ်ရှားစွာ လက်နှစ်ဖက် ကိုပွတ်နေမိသည်...။တစ်ခြားတန်းကျောင်းမှ ကျောင်းသားများလည်း တပျော်တပါးကြီး ဆင်နွှဲကြပြီး ၊ မနက်အစောပိုင်းမှာတင် ပျားပန်းခပ်မျှ လူအုပ်ကြီးဖြင့် လှုပ်လှုပ်ခတ်ခတ် စည်ကားလျက်ရှိသည် ။
"ဆောနူး ကိုတွေ့မိသေးလား..ဖုန်းဆက်တော့လဲ မကိုင်လို့.."
ရင်းနှီးနေကျ လေသံမို့ ဟီဆွန်း ကပျာကယာ လှည့်ကြည့်မိတော့ မြင်လိုက်ရတဲ့ ပုံရိပ်လေးကို အထပ်ထပ်အခါခါကြည့်နေမိပြီး သူ့ရင်ခုန်သံတွေတလှပ်လှပ်ဖြင့်..။
ဟီဆွန်း အားမနာတမ်းငေးကြည့်မိတော့ ပင့်မော့လာတဲ့ မျက်ဝန်းလေးတွေက ချစ်စဖွယ် ပုံရိပ်အတိ ဆောင်သည် ။
"အဟမ်း..မတွေ့မိဘူး..ဒီကိုရောက်ကထဲက..ကိုယ်တို့ အတန်းရဲ့ သရဲအိမ် ထဲ ဝင်ကြည့်မလား.."
"ဟာ !!!! လူတွေအများကြီးဘဲ..မင်းသွားချင်အရင်သွားနှင့်လေ...ပထမနှစ်အတန်းရဲ့ cafe ဆိုင်မှာ ငါရှိ နေမယ်.. "
"ခဏလေး !!! ကိုယ့်အထင် ဆောနူးက အာ့နေရာထဲ ရှိနေလောက်တယ်..."
ဆောင်းဟွန်း ခေတ္တတုံ့ဆိုင်းသွားပြီး ကျောင်းသားတွေဖြင့် ကြိတ်ကြိတ်တိုးနေသည့် သရဲအိမ်ရဲ့ ဆိုင်းပုဒ်ကို အလွန်အမင်း စိတ်ကုန်နေတဲ့ အမူအရာဖြင့် ဖတ်လိုက်သည်..။
"နူနူးလေးရဲ့ အိမ် " မှ နွေးထွေး စွာကြိုဆိုပါသည်တဲ့လား !!!!!! တဆိတ်လောက်ပါ..ဆောနူးက ငါနဲ့သိနေသလို မကြည့်ကြပါနဲ့လား !!!!
[ငရဲပြည်သို့ သွေးများစီးဆင်းနေသည့်အလောင်းမြစ်ကို ဖြတ်၍လာခဲ့သည် ]
ဟီဆွန်း ဖြန်းခနဲထလာတဲ့ ကြက်သီးကို သပ်ချမိလျက် သူ့ဘေးနား က ယုန်ဖြူလေးကလည်း အနည်းငယ်တွန့်ချိုးနေတဲ့ မျက်ခုံးတွေကို ပင့်လျက် တိတ်တဆိတ် ရှိနေသည်..။
"နူနူးရဲ့ အိမ်က နည်းနည်း ကျောချမ်းစရာကောင်းတယ်လို့ မထင်ဘူးလား..စိတ်ချရအောင် ကိုယ်တော့ မင်းနဲ့ နီးနီးကပ်ကပ် နေချင်မိတယ်.."
![](https://img.wattpad.com/cover/375958671-288-k148269.jpg)
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..