"အစ်က်ို !!!! အာ့တာက မီးပုံပွဲ စတော့မှာမလား.."
မီးစွဲလာတဲ့ ထင်းရှူးသား တွေကို ခေါက်တုံ့ခေါက်ပြန် ကျောင်းရဲ့ကွင်းပြင်ဆီ သယ်ယူနေတဲ့ ကျောင်းသားတွေဆီ ဆောနူး ခပ်မြန်မြန် ဘဲ အကြည့်ရောက်သွားတယ်...
"အွန်း..သူနဲ့ပတ်သက်ပြီး ကျောင်းမှာပြောနေကြတဲ့ ကောလဟလ လဲ ကြားမိသေးတယ်..."
"ဟုတ်လား..ဘယ်လိုမျိုးလဲ အစ်ကို.."
"ပြောရရင် မီးပုံပွဲ မှာ တွဲကမိတဲ့ သူတွေတိုင်းက ရည်းစားဖြစ်ဖို့ ကျိန်းသေသလောက်ဘဲတဲ့..တစ်ခါမှမတွေ့ဘူးတဲ့လူတွေဆို ဘယ်လိုလုပ်မလဲ !!!! တော်တော်ရယ်ရတဲ့ ဟာသဘဲမလား .."
အစ်ကို ဆောနူး ရယ်လိုက်တိုင်း မို့တက်လာတဲ့ ပါးဖောင်းဖောင်းလေးတွေကို ရိခိ လက်ညှိုးလေးနဲ့ ထိတွေ့ချင်မိတာမို့ မပိုင်ရသေးတော့လည်း စိတ်ကူးယဥ်မိရုံကလွဲ၍သာ..
သူ့အတွေးနဲ့သူ တိတ်ဆိတ် နေမိတော့ အစ်ကိုရဲ့ မျက်စောင်းလှလှလေးက အပိုဆောင်း အနေဖြင့် ရရှိမိတော့ ခက်ချေသား..
"နိခိ ရာ..ဘယ်လိုကြီး ငြိမ်နေတာလဲ..မင်းက ငြိမ်နေမှတော့ ပြောနေတဲ့လူတောင် အားမရှိတော့ဘူး.."
"ကျွန်တော် တွေးနေတာ... အစ်ကိုပြောတဲ့ ကောလဟလ ဆိုတာ ဖြစ်နိုင်ချေများလောက်တာဘဲလေ.."
"မင်းယုံတမ်းစကားတွေကို ယုံတာဘဲလား..အစ်ကို တကယ်မထင်ထားဘူး.."
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အစ်ကိုက တကယ်ကြီး လက်မလွှတ်ချင်ဖို့ကောင်းအောင် ချစ်ဖို့ကောင်းလွန်းနေတာဘဲ..အစ်က်ိုနဲ့ နီးစပ်ခွင့်ရဖို့ဆိုရင် ကောက်ရိုးတစ်မျှင်ဆိုလဲ ဖမ်းဆုပ်ထားမိမှာဘဲမို့..
"အာ့တာကြောင့်..ကျွန်တော်တို့....."
သူ့ရင်ခွင်ထဲကို မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကိုယ်လုံးသေးသေးလေးကြောင့် ရိခိ ပြောလက်စ စကားတွေကိုတောင် မမှတ်မိချင်လောက်အောင် တွန့်ဆုတ်သွားမိတယ်...
"အစ်ကို ဆော !!!!!
"ရှူး !!!! တိုးတိုးနေ ရိခိ...ဆောင်းဟွန်း ဒီအနားမှာ ရှိနေလို့..သူ တွေ့လို့မဖြစ်ဘူး..."

YOU ARE READING
Paloraid Love
Fanfiction[မင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..]