" သွားရမှာ ကိုယ်တို့ နှစ်ယောက်ထဲ..!!! တကယ် ဘဲ ဖြစ်ရဲ့လား.. "
ပန်းနုရောင်ဖျော့ဖျော့ ချယ်ရီပင်တွေဆီက အကြည့်တစ်ချက်မလွဲဘဲ ဆောင်းဟွန်း က လက်ညှ်ိုးနှင့် လက်မကို ဝိုင်းပြသည် ။ ဆောင်းဟွန်း က စိတ်အေးလက်အေးရှိနေသလောက် ဟီဆွန်း ကတော့ မခံမရပ်နိုင် ဖြစ်နေပုံပင်...။
"မဟုတ်သေးပါဘူး... ပစ္စည်းတွေက ဒီလောက်လေးတာ ကိုယ်က ကိစ္စမရှိပေမဲ့ ဆောင်းဟွန်းက ဘယ်လိုလုပ်ပြီး..!!! ဒီဘက် ကျောင်းအုပ်တွေက ဘယ်လိုအလုပ်လုပ်နေတာလဲ !!! "
ဆောင်းဟွန်း က တစ်ယောက် ထဲ ငြိမ်ငြိမ်သက်သက် နေရတာကို နှစ်ခြိုက်တယ်..အခုလို တစ်ယောက်, ယောက်က သူ့အနားမှာ နားပူနားဆာ လုပ်တာမျိုးဆို သူ မောင်းထုတ်ပစ်ဖို့ ဝန်မလေးတတ် ဘူး..
ဟီဆွန်း ကို ဆူပူဖို့ ဆောင်းဟွန်း ပြင်လိုက်ပေမဲ့ ၊ ဟီဆွန်း က အထင်လွဲနေပုံရကာ သားပျောက်အမေကြီးလို ပူပင်နေတာမို့ ဆောင်းဟွန်း စိတ်ရှည်ရှည်ထားဖို့ ဆုံးဖြတ် လိုက်သည်..။
"ကျောင်းသားပွဲတော်က နှစ်တိုင်းလုပ်နေကျမို့ မနှစ်က စီနီယာ တွေရဲ့ သရဲအိမ် ဆင်တဲ့ ဆက်တင်တွေက စတိုခန်း ထဲမှာ သိမ်းထားလောက် တယ်..ငါတို့ က ဒီတိုင်း ပေါ့ပေါ့ပါးပါး သယ်ပြီး ပြန်ရုံဘဲ.. "
ဟီဆွန်း က သူ ပြောသမျှကိုငြိမ် ပြီးနားထောင်နေပေမဲ့ မှုန်ကုပ်ကုပ် မျက်နှာပေးက အရှင်း ကျေနပ်သွားပုံ တော့ မရပေ..။
" ဘယ်လိုဖြစ်ဖြစ်..ဒီကျောင်းအုပ် လုပ်ပုံက မဟုတ်သေးဘူး..ဆောင်းဟွန်း မနေနဲ့တော့ !!! ဒီကျောင်းက ထွက်လိုက်တော့ !!!
ဆောင်းဟွန်း သူ့နာမည် ပါ,ပါလာ၍ မျက်လုံးလေး ပြူးကာ ခေါင်းလေး ထောင်လာပြီး မှေးစင်းနေသည့် အကြည့်တွေဖြင့် ကြည့်လာသည်..။
"ထွက်ရမယ် !!! ငါ့မေမေက ဒီကျောင်းကနေ အထက်တန်းအောင်ခဲ့တာ..ဒီလို အမှတ်တရကောင်းတွေ ရှိခဲ့တာကို ငါက မသိဟန်ဆောင် ပြီး ထွက်ရမယ်လို့ မင်း ပြောချင် တာလား.."
မီးကို ရေနဲ့ဖြန်းချလိုက်သလို သူ့ဘေးနား ကလူ ငြိမ်ကျသွားတာကို ဆောင်းဟွန်း ခံစားမိလိုက်တယ်.. ဟီဆွန်း က ပြောမပြန်ိုင်အောင် အကျပ်ရိုက်နေတဲ့ပုံစံမျိုး ဖြင့် သူ့ကို ကြည့်လာ ပြီး
![](https://img.wattpad.com/cover/375958671-288-k148269.jpg)
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..