အပိုင်း - ၇၂ ( မန်ချက်စတာမြို့၏ နှင်းလူသား)
"...."
"ကျောက်ရှန်းကော၊ အဲ့တုန်းက ခင်ဗျား ဘာအကြောင်းရှိလို့ ကျွန်တော့်ကို သေနတ်နဲ့ ပစ်တာလဲ"
".... မဟုတ်ပါဘူး။ မင်းက ပစ်မှတ်နား ရှိနေခဲ့ရုံတင်"
"ကျွန်တော်တော့ဖြင့် ကျွန်တော့်ကို ခင်ဗျား မုန်းနေတာလားလို့ အကြာကြီး အတွေးများနေခဲ့တာ"
ကျောက်ရှန်းကော၏ နှလုံးသား လှုပ်ခတ်ခံလိုက်ရကာ လည်ဇလုပ်သည်ပါ လှုပ်သွားသည်။
"မဟုတ်တာကွာ"
ချန်ဝမ် ကျောက်ရှန်းကောဘက် ခေါင်းစောင်းငဲ့ကြည့်လိုက်ကာ ပြုံးပြလာ၏။
"မဟုတ်မှလွဲ၊ အဲ့အချိန်ကတည်းက ခင်ဗျား ကျွန်တော့်ကို ကြိုက်နေခဲ့တာလား။ ဒါမှမဟုတ် အဲ့ထက်တောင် ပိုစောတာလား"
"..."
ကျောက်ရှန်းကောက နောက်ထပ်သေတ္တာတစ်ခုအား ညွှန်ပြလာ၏။
"အဲ့တစ်ခုကို ကြည့်ကြည့်"
"..."
ချန်ဝမ်က သူ့အား စနောက်ကျီစယ်ဟန်ပါသည့် မျက်ဝန်းခပ်စစဖြင့် ကြည့်လာကာ ဒုတိယတစ်ဘူးကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ေချာင်းများ အလိုလို ကွေးညွှတ်သွားမိလို့။
ဤစက်ရုပ်မော်ဒယ်ကို သူ့ထက် ပိုပြီး ရင်းနှီးကျွမ်းဝင်မည့်သူ လုံးဝ မရှိနိုင်တော့။ ကျောင်းဝန်းထဲရှိ မူလဗားရှင်းဆိုလျှင် သူ့ငယ်ဘဝ၏ တွေဝေမှုများနှင့် အကူအညီမဲ့လှမှုများအား နားထောင်ပေးခဲ့ကာ မရေမတွက်နိုင်အောင်များသော သူ့အတွေးများကိုလည်း ကြားခဲ့ဖူးသည်။
ချန်ဝမ်က ၎င်းအား အတန်ကြာ ကြည့်နေခဲ့ပြီးမှ စက်ရုပ်၏ခေါင်းထံ လက်လှမ်းကာ အသာလေးပုတ်ပေးလိုက်၏။ မခံစားရသည်မှာ ကြာမြင့်နေပြီဖြစ်သော နာကျင်မှုက သူ့ရင်ထဲ လှိုက်တက်လာကာ ဆို့နင့်သော အသံဖြင့် ပြောလာသည်။
"နောက်တစ်ခု ထပ်လုပ်လိုက်တာလား"
"အင်း"
ကျောက်ရှန်းကောက မည်သို့သုံးရမည်မှန်း သရုပ်ပြရင်း ပြောလာသည်။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Romantizm"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"