1

1.4K 64 0
                                    

Chapter 1 : Zerg တစ်ယောက်ဖြစ်လာခြင်း

ဟွမ်ရှို့ ဟာ အသက်ရှုလို့မရတာကြောင့် အလွန်ပင်နာကျင်နေရသည်။  သူ့မျက်စိ‌ရှေ့၌ အမှောင်ထုကြီး ဖုံးလွှမ်းနေပြီး သူက ရေနစ်နေသလိုမျိုး သူ့ရဲ့လည်ချောင်းထဲကို အေးစက်တဲ့ ရေတွေက စီးဆင်းနေလျက်။

သေခြင်းတရားဆိုတာ ဒီလိုခံစားရတာမျိုးလား?

ဟွမ်ရှို့ က မအံ့သြသွားပါဘူး။  အဲ့ဒီ ကမ္ဘာပျက်ကပ်လို့ ခေါ်တဲ့ ကိစ္စကြီးပြီးကတည်းက သူ့ဘေးကလူတွေက တောက်လျှောက်သေနေခဲ့ကြတာ။ သူက စစ်တပ်ရဲ့ နည်းပညာပိုင်းဆိုင်ရာဌာနမှာ အလုပ်လုပ်ရတယ်ဆိုပေမယ့်လဲ သူ့ရဲ့အလုပ်ကြောင့်မို့လို့  သူကလဲ နှစ်တဝက်လောက်ပဲ ရှင်သန်နိုင်ခဲ့တယ်။

ဗီဇပြောင်းခံထားရတဲ့ ဇွန်ဘီ နဲ့ မွန်းစတားတွေထက်စာရင် ပိုကြောက်ဖို့ကောင်းတာက လူသားတွေအချင်းချင်းကြားက တိုက်ခိုက်မှုနဲ့ရန်ဖြစ်တဲ့ကိစ္စတွေပဲ။ အခုလဲ နျူကလီယားဗုံးတစ်ခုကျဲလိုက်တာလား၊ သာမန်ဗုံးတစ်ခုကြောင့်ပဲလားဆိုတာ မသိပေမယ့်လဲ… သူက ဘယ်လိုပဲဖြစ်ဖြစ်  အသက်ရှင်နေဖို့မဖြစ်နိုင်ပါဘူးလေ။

“…!? အဟွတ် အဟွတ် အဟွတ်… ”

ဟွမ်ရှို့ က သူ့မျက်လုံးကို ချက်ချင်းပဲဖွင့်လိုက်ပြီးတဲ့နောက် သူ့ရဲ့အ‌နောက်ကို ချက်ချင်းပဲ လှည့်လိုက်ကာ  ချောင်းဆိုးတော့သည်။  အန်ချင်တဲ့ ခံစားချက်နဲ့အတူ သူက ရေတွေ အများကြီး အန်ထွက်သွားလေ၏။

"ခင်ဗျားအဆင်ပြေရဲ့လား?  မတော်တဆတစ်ခုဖြစ်သွားတာလား?"

ဟွမ်ရှို့ က အသိစိတ်ပြန်ရပြီးတဲ့နောက် သူမျက်စိရှေ့ကလူကို သေသေချာချာမြင်လိုက်ရလေသည်။ ၎င်းက အသက်၂၀အရွယ်ခန့်ရှိပုံပေါ်ပြီး အခုလေးတင် ညှပ်ထားတဲ့ ဆံပင်တိုတိုလဲ ရှိနေသည်။ တစ်ဖက်လူရဲ့ဆံပင်က စိုရွှဲနေပြီး သူ့ရဲ့နဖူးပေါ်  စီးကျနေကာ သူက စိတ်မသက်မသာနဲ့ ပူပန်နေပုံပေါ်၏။ ဘာလို့လဲဆိုတော့ သူ့လိုပဲ အဲဒီလူက လမ်းဘေးက မြစ်တစ်ခုမှာ စိုရွှဲသွားတာကြောင့်မို့လို့လေ။

“ ဘာဖြစ်သွားတာလဲ…”

“ခင်ဗျားကရေနစ်နေတာလေ ခင်ဗျားရုန်းကန်နေတာကျွန်တော်တွေ့လို့…”

ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Where stories live. Discover now