12

448 45 6
                                    

Chapter 12 : စာအုပ်ဝယ်ဖို့ ဈေးဝယ်ထွက်ခြင်း

သူထွက်သွားပြီးတဲ့နောက် ဖွင့်ထားတဲ့ရုံးခန်းထဲမှာ အသံတစ်သံတောင်မကြားရတော့ချေ။ အကြာကြီးတိတ်ဆိတ်သွားပြီးတဲ့နောက် ရှီယန် က နောက်ဆုံးမှာ ပြောလိုက်လေ၏။

“ Master ခုနကတုန်းက…”

“ ဟမ်…?”

“ အဲ့တာကို ဆိုလိုတာလား?”

“ မဟုတ်ရင်…?”

“...”

ရှီယန် က သူ့ရဲ့ ခံစားချက်တွေကို ဖော်ပြတဲ့အခါ၌ ခက်ခဲမှုများစွာ ရှိလေ၏။ သူက မထင်မှတ်ထားတာပဲလား၊ အနည်းငယ်ကံကောင်းနေတာလားဆိုတာ မသိတော့ချေ။

ဟွမ်ရှို့ က လှည့်လာပြီးနောက် သူ့ဆီ နီးကပ်လာလေ၏။ သူက ရှီယန်ကို တိုက်ရိုက်ပဲ ကြည့်ပြီးနောက် အထွန့်တက်တော့သည်။

“ ကိုယ်တို့တွေ ပြောဆိုဆက်ဆံတဲ့နေရာမှာ ပြဿနာရှိနေတဲ့ပုံပဲ။ မင်းက Zerg တစ်ယောက်ရဲ့ မျက်နှာချင်းဆိုင် ဖော်ရွေမှုကိုတောင် စကားတစ်ခွန်းတောင် ပြန်မပြောနိုင်ခဲ့ဘူး”

“ ဒါပေမဲ့ ဒီလိုကိစ္စမျိုးအပေါ်ကို ကျွန်တော်ဘယ်လိုလုပ်ပြီး ကျေးဇူးကန်းနိုင်မှာလဲ?”

“ အဲ့တာဘာလို့ ကျေးဇူးကန်းတယ်ဖြစ်ရမှာလဲ?”

ဟွမ်ရှို့ က ဒီစာကြောင်းကို သဘောမကျပါချေ။

“ တကယ်လို့ Masterကသာ သူ့ရဲ့ကြင်နာမှုကို လက်ခံမယ်ဆိုရင် ကျွန်တော့်ရဲ့သဘောမကျမှုကို ပြလို့မဖြစ်ဘူးလေ”

ဟွမ်ရှို့ က သူ့ရဲ့  ဒီစကားချဉ်းကပ်ပုံကို သဘောမကျဘူးဆိုတာ မြင်တာကြောင့် ရှီယန်က ထပ်ပြီး စကား‌မပြောနိုင်တော့ချေ။

“ Master ဘာလိုချင်လဲဆိုတာကို သာ ကျနော့်ကိုပြောပါတော့..."

“ လာပါကွာ အဲ့တာက ပြဿနာမဟုတ်ဘူးလေ”

ဟွမ်ရှို့ က အကူအညီမဲ့နေသလို ခံစားရ၏။ သူက သူနဲ့အတူတူ ဘယ်လိုမှ စကားပြောဖို့ အဆင်မပြေလှဘူး။ ဟွမ်ရှို့ က ရှီယန်ကို သူ့ရဲ့မကျေနပ်မှုတွေကို သူ့မျက်နှာရှေ့မှာတင် ဒီလိုတိုက်ရိုက်ကြီး ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ သူ့ရဲ့ အရင်မိသားစု၊ ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကြောင့်ပဲ ဖြစ်တယ်ဆိုတာကိုသိပါတယ်။ အခုကျတော့ ရှီယန် က လုံးဝကို တုံ့ပြန်မှုမရှိတာကြောင့် ဟွမ်ရှို့ က အနည်းငယ် ဒေါသထွက်နေလေ၏။

ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Where stories live. Discover now