Chapter 15: မနက်ခင်း၌
ရှီယန်၏ စိတ်အေးလက်အေး အပြုအမူကို မြင်တော့ ဟွမ်ရှို့လည်း ယခင်နေ့လည်ခင်းမှ တစ်ဖက်လူ၏ ပြဿနာမျိုးစုံကို တွေးနေခဲ့သည်။ ရှီယန်က အိပ်ယာပေါ်မှာ ရက်အနည်းငယ် လေ့ကျင့်ခန်းမလုပ်သောကြောင့်တော့ စိတ်ဆိုးလောက်မှာမဟုတ်ဟု သူထင်၏။
ရေချိုးကန်ကိုရေဖြည့်ရန်ကူညီပေးဖို့ ရေချိုးခန်းထဲသွားနေတဲ့ ရှီယန် ကို တားလိုက်ပြီး သူ့ဘာသူ အမြန်ရေချိုးလိုက်တော့တယ်။ သူပြန်လာသောအခါတွင်တော့ ရှီယန် က ကုတင်ပေါ်တွင်ထိုင်နေဆဲဖြစ်ပြီး သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ထားကာ နေ့လည်ကဝယ်ခဲ့သော ဟွမ်ရှို့ Bookmark လေးမှာလဲ စာမျက်နှာများကြားတွင် ဂရုတစိုက်ညှပ်ထားသည်။ သို့သော် ရှီယန်မှာ အနည်းငယ် ပင်ပန်းနေပုံရ၏။ သူက စာအုပ်ဖတ်နေတဲ့ပုံမပေါ်ဘဲ မျက်လုံးကလဲမလှုပ်တာ ကြာလှပြီ။ သူအရနိးအိပ်ငိုက်နေမှန်းသိသာပေမယ့် ဟွမ်ရှို့ ပြန်လာမှာကို အတင်း စောင့်နေတဲ့ပုံပံ။
"မင်းအိပ်ချင်ရင် အရင်အိပ်နှင့်လေ"
ဟွမ်ရှို့ က နေ့လည်ခင်းတုန်း ရှီယန် ရဲ့အခြေအနေကို မေးချင်ပေမယ့်လဲ သူအရမ်းအိပ်ငိုက်နေတာကိုတွေ့လိုက်ရတော့ နောက်နေ့ကျမှ ဒီအကြောင်းကို ပြောဖို့ဆုံးဖြတ်လိုက်တော့တယ်။
"ကျွန်တော်အဆင်ပြေပါတယ် အရှင့် ဆံပင်ကို ကူညီပေးလို့ရမလား"
ရှီယန် က ဟွမ်ရှို့ ၏ အသံကြောင့် ထိတ်လန့်သွားပုံရပြီး သူ့ကို မော့ကြည့်လာပြီးနောက် သူ့ဆီ လာရန် အချက်ပြလေသည်။
ဟွမ်ရှို့ ကလက်လှမ်းပြီး ရှီယန် ရဲ့လက်ထဲက စာအုပ်ကိုဆွဲပိတ်လိုက်ကာကုတင်ဘေးစားပွဲပေါ်တင်လိုက်လေ၏။
"အဲ့တာက ဘယ်လိုပဲဖြစ်ဖြစ်ခြောက်သွားတော့မှာပဲ.. အဲဒါကို စိတ်မပူနဲ့တော့ လာအိပ်တော့”
“ကောင်းပါပြီ”
တစ်ယောက်နဲ့တစ်ယောက် ရက်အတော်ကြာ အိပ်စက်ပြီးနောက်မှာတော့ ရှီယန် ဟာ အစပိုင်းလောက် သိပ်မထိတ်လန့်တော့ဘဲ တခြား Zerg တစ်ယောက် နဲ့ အခန်းတစ်ခန်းကို ဝေမျှဖို့ တဖြည်းဖြည်း ကျင့်သားရလာခဲ့ချေပြီ။ ဟွမ်ရှို့ ကလဲလျောင်းပြီးနောက် ရှီယန် ကသူ့ဘက်သို့လှည့်နေသည်ကိုတွေ့လိုက်ရ၏။ သူက အဝေးကနေသူ့ကို ကြည့်နေတုန်းပဲ။

YOU ARE READING
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
RomanceGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras